အသက်(၇)နှစ်အရွယ် သူငယ်တန်းကျောင်းသူအား မုန့်ကျွေးမည်ဟုပြောကာ သားမယားအဖြစ်ပြုကျင့်ရန် ပြုလုပ် ကြိုးစား အားထုတ်မှုဖြစ်ပွား
ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့ နယ် စာဖြူကုန်းရွာ ၊ ငှက်ပျော်တောအုပ်စုတွင် အသက်(၇)နှစ်အရွယ် သူငယ်တန်းကျောင်းသူအား မုန့်ကျွေးမည်ဟုပြောကာ သားမယားအဖြစ်ပြုကျင့်ရန် ပြုလုပ် ကြိုးစား အားထုတ်မှု ဧပြီလ ၄ ရ က်နေ့ က ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ၅-၄-၂၀၁၇ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် ဦးစိုးသိန်းသည် စာဖြူကုန်းရွာ၊ ဌက်ပျောတောအုပ်စု၊ေ
နအိမ်၌ ရှိနေစဉ် သမီးဖြစ်သူ မ—-(၇)နှစ် သူငယ်တန်းကျောင်းသူမှပြောပြသဖြင့် ဧပြီလ ၄ ရက်နေ့ နေ့လည်က အစ်မနော်ခူရှီး(၉)နှစ်မောင်ဖြစ်သူ မင်းဇော်(၅)နှစ်တို့နှင့်အတူ အိမ်အရှေ့ဘက်တွင် ကစားနေစဉ် တစ်ရွာတည်းနေ လှိုင်စိုး (၃၃)နှစ်မှ သမီး မ—–(၇)နှစ်အား မုန့်(၂)နှစ်ထုတ်ပြ၍ မုန့်ကျွေးမည်ပြောကာ ခေါ်ဆောင်သွားပြီး ရွာထဲ ရှိ ဥယျာ ဉ်ခြံထောင့် အရောက်တွင် မ—–(၇)နှစ်အား ` ဘယ်သူမှ ပြန်မပြောနဲ့´ ဟုပြော၍ဘောင်းဘီချွတ် ထိုင်ခိုင်းပြီး သာ မယားအဖြစ်ပြုကျင့်ရန် ပြုလုပ် အားထုတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လှိုင်စိုး(၃၃)နှစ်အား တိုင်တန်းချက်အရ (ပ)၄၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရပြီး၊ စခန်းမှူး၊ အမှုစစ်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှ တရားခံဖမ်းဆီးရမိထားပြီး ဆက်လက် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
သာပေါင်း ရဲစခန်း
အသက်(၇)နှစ်အရွယ် သူငယ်တန်းကျောင်းသူအား မုန့်ကျွေးမည်ဟုပြောကာ သားမယားအဖြစ်ပြုကျင့်ရန် ပြုလုပ် ကြိုးစား အားထုတ်မှုဖြစ်ပွား
Reviewed by Unknown
on
5:10 AM
Rating:
Reviewed by Unknown
on
5:10 AM
Rating:


Post a Comment