Header AD

အပြင်မှာသူသဘောကောင်း၏

၂၀၁၄ မှာ မာ့ခ်ဇူကာဘက်က ဟားဗတ်မှာသူ့ကျောင်းနေဖက် များနှင့် ဖေ့စ်ဘွတ်ခ်ကို စတင် မိတ်ဆက်စဉ်က ဟားဗတ်ကျောင်း သားများ အချင်းချင်းသုံးစွဲဖို့သာ ဖြစ်သည်။ သို့သော် ယခုအချိန်မှာ ဖေ့စ်ဘွတ်ခ်သည် လူသန်းတစ် ထောင့်ရှစ်ရာကျော် လစဉ်သုံးစွဲ နေသော လူမှုရေးမီဒီယာဖြစ်လာ သည်။
သုံးစွဲသူသန်းတစ်ထောင် ကျော်ရှိသကဲ့သို့ ပြဿနာများက လည်း ကုဋေကုဋာဖြစ်လာသည်။ အဆိုးဆုံးက လူအချင်းချင်း ဆက် ဆံရေးကောင်းစေရန် သုံးစွဲကြ သည့် မီဒီယာသည် လူအချင်းချင်း မိတ်ပျက်ရသည့်အကြောင်းတစ် ခုဖြစ်လာခြင်း ဖြစ်သည်။
‘‘ကျွန်မဖေ့စ်ဘွတ်ခ်ကို ၂၀၀၈ မှာ ဂျာမနီမှာ ကျောင်း တက်စဉ်ကစသုံးခဲ့တာ။ အဲဒီတုန်း က သုံးသူနည်းတယ်။ ပုံလေးတွေ ဟိုတင် ဒီတင်ပေါ့။ အဲဒီကနေ မြန်မာပြည်က   ကျွန်မငယ်သူ ငယ်ချင်းတွေနဲ့ အဆက်အသွယ် ရ၊ ဆရာတွေနဲ့ အဆက်အသွယ်ရ တော့ သိပ်ပျော်စရာကောင်းခဲ့ တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မ မသုံးချင်တော့ဘူး။ အရင်တုန်းက ကျွန်မမသိခဲ့တဲ့ မိတ်ဆွေတွေရဲ့ အတွေးအခေါ်တွေ လုပ်ပုံကိုင်ပုံ တွေကို အခုကျွန်မမြင်လာရတယ်။ ရိုင်းပျတာတွေလည်း ကျွန်မမြင်ရ တယ်။ ဆဲဆိုနေတာတွေလည်း မြင်ရတယ်’’ဟု ရန်ကုန်အခြေစိုက် ဂျာမန်အစိုးရမဟုတ်သည့် အဖွဲ့ အစည်းမှာ လုပ်နေသူ အသက် (၄၂)နှစ်အရွယ် မမီးမီးက ပြော သည်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူနှင့် အပြင်မှာ ရင်းနှီးသူများ၏ သူမ ကြိုက်သော အပြုအမူကို သူက သွားပြောသွားဝေဖန်ခဲ့သည်။ ထိုမှတစ်ဆင့် မိတ်ဆွေများ အွန်လိုင်း မှာပင် စကားများမိတ်ပျက်ကာ အပြန်အလှန်ဘလော့ခ်ကြသည် ဟု ဆိုသည်။ ထို့နောက် အပြင်မှာ လည်း စကားမပြောကြတော့ချေ။
‘‘အဲဒီလို မိတ်ပျက်ရတဲ့အ တွက် ကျွန်မကိုယ်ကျွန်မ စိတ်ပျက်တယ်။  တစ်သက်လုံးအဖုအထစ် မရှိတဲ့ ဆက်ဆံရေးက အခုကျမှ ပြဿနာဖြစ်ရတယ်။ အပြင်မှာ တစ်ယောက်နဲ့တစ်ယောက် ကိုယ် ရေးကိုယ်တာ ပြဿနာလည်း မရှိ ဘူး။ ဒါပေမဲ့ အခုတော့မခေါ်ကြ တော့ဘူး’’
မိတ်ပျက်ခြင်းကို စိတ်မ ကောင်းဖြစ်သော်လည်း ဆွေမျိုးမိတ်ဆွေတချို့၏ ဖေ့စ်ဘွတ်ခ် ပေါ်မှာ အရာရာတိုင်းကို မကောင်းမြင် အပြစ်တင်ဆဲရေးနေခြင်းကို သူမနှစ်သက်ပါဟု မမီးမီးကဆိုသည်။ သူ့မိတ်ဆွေတချို့သည် ကိုယ်ရေးကိုယ်တာနှင့် မဆိုင်၊ အရေးကြီးသော သာမန်လူ့အသိုင်းအ၀န်းက ပြဿနာများကို သူတို့ဖေ့စ်ဘွတ်ခ် ပေါ်မှာတင်ကာ အပြုသဘော တင်ဝေဖန်ခြင်းထက် အဆိုးမြင် ရေးနေသည်က ပိုများသည်ဟု သူ ကထင်မိ၏။
သည်ပြဿနာက မမီးမီး တစ်ယောက်တည်း ကြုံနေရသည် မဟုတ်။ မြန်မာပြည်က ဖေ့စ် ဘွတ်ခ်သုံးသူအတော်များများမှာ လည်း သည်ခံစားချက်ရှိ၏။ တစ် ကမ္ဘာလုံးဖေ့စ်ဘွတ်ခ်သုံးစွဲသူများ အကြားမှာလည်း သည်ပြဿနာ ရှိ၏။ ထို့ကြောင့် သည်ပြဿနာ နှင့်ပတ်သက်ပြီး နိုင်ငံတကာသ တင်းစာများမှာ ဆောင်းပါးများ အတော်များများကိုတွေ့နိုင်သည်။ ဖေ့စ်ဘွတ်ခ်နှင့် လူမှုရေးစာမျက် နှာများမှာ လူအများကအပြင်က နှင့်မတူဘဲ ပိုပြီးအဆိုးမြင်ရသလဲ ဆိုသည်ကို စိတ်ပညာရှင်များက ဝေဖန်ချက်များ၊ သုံးသပ်ချက်အ တော်များများ လုပ်ခဲ့ပြီး ဖြစ်သည်။
အယ်လီရှာတန်ဆိုသည့် စိတ်ပညာရှင်တစ်ဦး၏ သုံးသပ် ချက်တွင် ဖေ့စ်ဘွတ်ခ်အပါအ၀င် လူမှုရေးစာမျက်နှာများမှာ လူမှု ရေးဆိုင်ရာ စံထားလိုက်နာရမည့် အချက်များမရှိဟု ဆိုသည်။ လူ့အသိုင်းအ၀ိုင်းဝန်းကျင်၌ အလုပ်အရဆွေးနွေးပွဲမှာ မည်သို့နေရမည်။ မိဘရှေ့မှာမည်သို့ပြုမူရမည်။ မိတ်ဆွေအပေါင်းအသင်းနှင့်ဆို မည်သို့ ဆက်ဆံရမည်ဆိုသည့် သတ်မှတ်ထားသော အရာများရှိ သည်။ နေရာထိုင်ခင်းနှင့်လူတွေ က ကိုယ့်အပြုအမူကို ထိန်းရ အောင် သတိပေးသလိုရှိ၏။ သို့ သော်လည်း ဖေ့စ်ဘွတ်ခ်မှာ သည်အချက်တွေမရှိ။ အထိန်းအချက် များမရှိ။ ထို့ကြောင့် လူတွေက အွန်လိုင်းပေါ်မှာ သူတို့အကြောင်း ကို ပိုဖော်ပြချင်သည်ဟု သူကသုံး သပ်ထားသည်။
ထို့အပြင် အင်တာနက်မှာ၊ လူများကြားမှာ တစ်ယောက်နှင့် တစ်ယောက်မမြင်ရခြင်း၊ ကိုယ် ဘယ်သူမှန်း သူများမသိဘူးဆို သည့်အချက်။ လူချင်းသိသော် လည်း မျက်နှာချင်းဆိုင် ဆုံပြော ရသည်မျိုး မဟုတ်သည်ကလည်း တစ်ယောက်နှင့်တစ်ယောက် နှုတ်ရဲ၊ လက်ရဲဖြစ်စေသည်ဟု အယ်လီရှာတန်က ထောက်ပြခဲ့ သည်။
ဥပမာ - ကိုယ့်ကိုယ်ကိုယ် မည်သူမျှ မမြင်ရဘဲ ကိုယ်ယောင် ဖျောက်နိုင်သည်ဆိုပါစို့။ လူတွေ က ဘယ်အရာတွေကိုလုပ်မည် လည်းဟု သူကမေးထား၏။ အ များစုက   ပြောင်ပြောင်နောက် နောက်၊ ပေါက်တတ်ကရများကို လုပ်ကြမည်သာတည်း။ ထိုအရာ များသည် သာမန်အချိန်အခါမှာ ကိုယ်လုပ်လေ့မရှိမည့် အရာများ ဖြစ်ဖို့များသည်။ အွန်လိုင်းမှာ လည်း သည်သဘောတရားပင် ဖြစ်၏။ တစ်ယောက်နှင့်တစ် ယောက် မမြင်ရခြင်းက ကိုယ့်ဘာ သာတစ်ယောက်တည်း ကွန်ပျူ တာသို့ မဟုတ်ဖုန်းဖြင့် သုံးပြီးလုပ် နေခြင်းက လုပ်လေ့လုပ်ထမရှိ သည့် အရာများကိုပိုပြီးလုပ်ရဲစေ သည်။ ပြောရဲစေသည်။ ရေးရဲ စေသည်။ အင်တာနက်မှာ လူအ ချင်းချင်း မမြင်ရဟုထင်ရသလို ရှိ ခြင်းသည် လူတွေကို အချင်းချင်း အားနာမှုမရှိဘဲ ပိုရိုင်းပြစေသည် ဟု စိတ်ပညာရှင်အယ်လီရှာတန် က ထောက်ပြခဲ့၏။
ဝေါစထရိဂျာနယ်မှာအ ဘယ်ကြောင့် လူတွေအွန်လိုင်းမှာ ရိုင်းပျကြသလဲဆိုသည့် ဆောင်း ပါးကို ရေးသားခဲ့သူဆောင်းပါးရှင် အဲလိဇဘက်အန်စတိန်းကလည်း သူနှင့် ဝေါစထရိဂျာနယ်မေးမြန်း ခန်းမှာ အောက်ပါအတိုင်း ဖြေ ကြားခဲ့သည်။
‘‘ကျွန်မတို့ အွန်လိုင်းတက် တဲ့ အခါမတော်မတည့်တွေ့ရင် သူ စိမ်းတစ်ယောက်ကို(ဒါမှမဟုတ်)  မိတ်ဆွေတစ်ယောက်ကိုအပြင် မှာ မပြောတဲ့စကားမျိုး ကျွန်မတို့ ပြောရဲတတ်ကြတယ်။ ဘာလို့လဲ ဆိုတော့ အွန်လိုင်းမှာဖြစ်နေတဲ့ အတွက် ပိုပြီးပြောရဲဆိုရဲနေတာ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းနိုင်စွမ်းမရှိတော့တာ’’
ထို့ကြောင့် မိမိနှင့်ပတ်သက် နေသူ မိတ်ဆွေ၊ ဆွေမျိုးများက ကိုယ်မနှစ်သက်သော အရာများ၊ နိုင်ငံရေးအယူအဆများ၊ ရေးနေ၊ တင်နေပါကလည်း သည်အရာ နှင့်ပတ်သက်ပြီး ထိထိခိုက်ခိုက် မခံစားပါနှင့်။ အတိုက်အခံလည်း သွားငြင်းမဆိုပါနှင့်။ သည်အရာ က ပြဿနာကိုပြေလည်စေမှာ မဟုတ်ဘဲ မိတ်ဆွေအချင်းချင်း ဆက်ဆံရေးကိုပါ ပျက်ပြားစေ သည်ဟု ဆိုရှယ်မီဒီယာကျွမ်းကျင် သူများက ပြောထားသည်။
သတိထားသင့်သည်မှာ ဆို ရှယ်လူမှုရေးစာမျက်နှာသည် တကယ့်သက်ရှိကမ္ဘာတစ်ခုမဟုတ်ပါ။ လူတစ်ယောက် ကောင်းမကောင်း၊ ပေါင်းသင့် ၊ မပေါင်းသင့်ဆိုသည်ကို လက်တွေ့လောကမှာ သာ ဆုံးဖြတ်သင့်သည်။ သဘော ထားမတိုက်ဆိုင်လျှင်လည်း အ ပြင်မှာသာ အချင်းချင်းတွေ ဆုံ ဆွေးနွေးခြင်းက ပိုကောင်းမည် ဟု သူတို့ကအကြံပြုကြသည်။
အသက်(၃၀)နှစ်  အရွယ် မြန်မာခရီးသွားလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက တချို့သူငယ်ချင်းတွေ ကို ဖေ့စ်ဘွတ်ခ်မှာ မခင်ချင်တော့သဖြင့် သူငယ်ချင်းအဖြစ် မထားတော့ပါ။ သို့ရာတွင် အပြင်မှာ သူငယ်ချင်းအဖြစ် အခင်အမင်မပျက်ရှိနေမည်ဟု ဆိုသည်။
‘‘အပြင်မှာ အင်မတန် ခင်ပါ တယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ မခင်ချင်တော့ပါ’’
သူပြောသည့်အတိုင်း ဖေ့စ် ဘွတ်ခ်ပေါ် ကမ္ဘာဆိုသည်က အ တုအယောင်ဖြစ်သည်။ လူတွေ၏ အပြင်မှာ မလုပ်ရဲသော စကား များကို သတိလက်လွတ်ပြောဆို ရဲသည့် နေရာဖြစ်သည်။ ဖေ့စ် ဘွတ်ခ်ပေါ်မှာ အမြင်မတူသည့် သူ့အမြင်များကြောင့် အပြင်ကမ္ဘာ မှာ တကယ်ခင်မင်သော မိတ်ဆွေ များကို မဆုံးရှုံးသင့်၊ မိမိမိတ်ဆွေ သည်အပြင်မှာ သည်လိုလူစားမ ဟုတ်ကြောင်း၊ မိမိကိုလည်းသည် လို ဆက်ဆံတတ်သူမဟုတ် ကြောင်း သတိရပါ။ အပြင်မှာ သူ့စိတ်ရင်းမည်သို့ ရှိသည်ကို အောက်မေ့သုံးသပ်ပါ။ အပြင်မှာ သူသဘောကောင်းသည်ဆိုသည်ကို လည်း မမေ့ပါနှင့်။   ။
အပြင်မှာသူသဘောကောင်း၏ အပြင်မှာသူသဘောကောင်း၏ Reviewed by Unknown on 5:25 AM Rating: 5

Post AD