Header AD

ကောလင်းတွင် ရွှေကြောတစ်ခုတွေ့ ဒေသခံများ ရာနှင့်ချီသွားရောက်တူးဖော်

ကောလင်းမြို့နယ် ကျေးရွာတစ်ခုအနီးတွင်ရွှေကြောတစ် ခုတွေ့ရှိခဲ့ပြီး ဒေသခံလူဦးရေ ရာ နှင့်ချီကာလာရောက်တူးေ ဖ်ာနေ ပြီးနောက် အဆိုပါနေရာကိုလုံ ခြုံရေးအခြေအနေအရကန့်သတ် လိုက်ကြောင်း ကောလင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကောလင်းမြို့နယ် လာကာ ကျေးရွာအနီးရှိ ဖန်ခါးတောင်နေ ရာတွင် ဧပြီ ၂၃ ရက်ကစတင်ကာ ရွှေကြော (ဒေသအခေါ် ကျောက်ရွှေကြော)တွေ့၍ ဒေသခံအများအပြား လာရောက်တူးဖော်နေ ကြောင်း သတင်းရ၍ ကောလင်း မြို့နယ်ထွေအု ပ်၊ သစ်တောဌာန နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဧပြီ ၂၄ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း ကောလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။
ယင်းရွှေကြောကို တူးဖော် ရာတွင် မြေပြိုကျမှုကြောင့် အန္တ ရာယ်မဖြစ်စေရေးနှင့် လုံခြုံ ရေးအခြေအနေအတွက် ဆက် လက်တူးဖော်ခြင်းမပြုရန် ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၂၄ ရက်တွင် ညွှန်ကြားခဲ့သည်။
‘‘လောလောဆယ် တူးထား တာက အနက်က ၅ ပေလောက် ပဲရှိတယ်။ ရွာဒေသခံတွေက လည်း တရားဝင်လုပ်ပိုင်ခွင့်နဲ့ လုပ်တာမဟုတ်တော့တားထား တဲ့ သဘောပါ။ နောက်ပြီး ကျင်း ပြိုတာတွေဖြစ်မှာစိုးလို့ပါ’’ ဟု ကောလင်းမြို့နယ် အေ ထွထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဖန်ခါးတောင်သည် ကျောက် နှင့်မြေရောစပ်နေသည့် တောင် တစ်ခုဖြစ်ပြီး ရွှေတွေ့ရှိရာနေရာ တွင် ကျောက်သားကို တူးဖော်ရ ခြင်းဖြစ်၍ စနစ်တကျမဟုတ်ပါ က ကျင်းပြိုကျမည့် အန္တရာယ်အ ပြင် တူးဖော်သူအချင်းချင်း ခိုက် ရန်ဖြစ်ပွား မည့် အန္တရာယ်ရှိနေ ကြောင်း ကောလင်းမြို့နယ် တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။
‘‘မိုးရွာရင် ပြိုကျနိုင်လို့ အန္တ ရာယ်ကြီးတယ်။ နောက်ပြီး အ ချင်းချင်းလုတာမျိုးတွေ ဖြစ်လာ ရင်မကောင်းဘူး။ အခု ထွေအုပ် ကနေ အဲဒီနေရာကို ပိတ်လိုက်ပြီ’’ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီအတွင်းက ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့နယ်တွင် ရွှေတွင်းဟောင်းတစ် ခုမှ ရွှေများထွက်ရှိ၍ ဒေသ ခံများ က တူးဖော်ကြရာ လုံခြုံရေးအဖွဲ့ နှင့် ရွှေတူးသူများကြား ပြဿနာ ဖြစ်ပွားရာမှ လူတစ်ဦးသေဆုံးခဲ့ သည်။ ထို့နော က်အဆိုပါ ရွှေ တွင်းဟောင်းကို တူးဖော်ခွင့်ပိတ် ပင်ခဲ့သည်။
7Day News Journal
ကောလင်းတွင် ရွှေကြောတစ်ခုတွေ့ ဒေသခံများ ရာနှင့်ချီသွားရောက်တူးဖော် ကောလင်းတွင် ရွှေကြောတစ်ခုတွေ့ ဒေသခံများ ရာနှင့်ချီသွားရောက်တူးဖော် Reviewed by Unknown on 7:51 AM Rating: 5

Post AD