Header AD

Samsung Galaxy S8 စမတ်ဖုန်းမျက်နှာပြင်တွင် အနီစင်းပြဿနာများ ဖြစ်ပေါ်

Samsung ရဲ့ Galaxy S8 ဟာ တောင်ကိုးရီးယားမှာ ၁၀ ရက်အတွင်း ဖုန်းအလုံးရေ ၁သန်းကျော် အော်ဒါတင် ရောင်းချခဲ့ရပြီး စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် Galaxy S8 ဟာ features အသစ်အဆန်းတွေနဲ့ ဒီဇိုင်းပိုင်းမှာ ထူးကဲလှပြီး မနှစ်က ဖြစ်ခဲ့တဲ့ Galaxy Note 7 ပေါက်ကွဲခြင်းပြဿနာကို ဒီနှစ်မှာ Galaxy S8 နဲ့ ပြန်လည် သိက္ခာဆည် ပွဲထုတ်လိုက်တာ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း Samsung အနေနဲ့ Galaxy S8 စမတ်ဖုန်းအချို့ရဲ့ မျက်နှာပြင်မှာ အနီစင်းများ ဖြစ်တဲ့ ပြဿနာ တစ်ရပ် ဖြစ်ပေါ်လာပြီး အဆိုပါ ကိစ္စကို ဖြေရှင်းဖို့ တစ်ပတ်အတွင်း Software Update ထုတ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ အကယ်၍ software update လုပ်ပြီး မဖြေရှင်းနိုင်ရင် ဖုန်းတွေကို အသစ်ပြန်လဲ ပေးမယ်လို့ ကြေငြာထားပါတယ်။
Credit: ဆန်းသစ်မြန်မာ

Samsung Galaxy S8 စမတ်ဖုန်းမျက်နှာပြင်တွင် အနီစင်းပြဿနာများ ဖြစ်ပေါ် Samsung Galaxy S8 စမတ်ဖုန်းမျက်နှာပြင်တွင် အနီစင်းပြဿနာများ ဖြစ်ပေါ် Reviewed by Unknown on 9:36 AM Rating: 5

Post AD