Header AD

IS တို့ထံမှ ခေါင်းဖြတ်နည်း အပါအ၀င်နည်းမျိုးစုံ သင်ခဲ့ရဟု လွတ်မြောက်ခဲ့သည့် ကလေးမှဖွင့်ဟ

 April 12, 2017 ကထွက်ခဲ့တဲ့သတင်းပါ။

IS အကြမ်းဖက်သမားတွေ လက်အောက်ကနေ ကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ်တစ်ယောက်က သူနဲ့ အပေါင်းအပါ ကလေးတွေကို IS အဖွဲ့က ၀ါဒမှိုင်းတိုက်ကာ ရက်စက်ကြမ်းကြုက်တဲ့ လူသတ်နည်းတွေအပါအ၀င် အကြမ်းဖက်နည်း ပေါင်းစုံကို သင်ကြားခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ သူ့အသက်ဟာ အခုမှ 7 နှစ်သာ ရှိပါသေးတယ်။

သူရဲ့ ပြောဆိုချက်အရ IS တို့ လက်အောက်မှာ ယာဇီဒီကလေးငယ်ပေါင်း 1000 ကျော် ကျန်ရှိနေသေးပြီး၊ IS တို့ရဲ့ အကြမ်းဖက် လုပ်ငန်းစဉ်တွေအတွက် အသေခံတပ်သားများအဖြစ် စနစ်တကျ သင်ကြားပို့ချမှုတွေ ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။ သူလည်းပဲ ကျဉ်းကြပ်လှတဲ့ အချုပ်အနှောင်ကြားမှာ တော်တော်ကြာကြာ နေထိုင်ခဲ့ရပါတယ်။

သူဟာ ခေါင်းဖြတ်နည်းနဲ့၊ ခြုံခိုတိုက်ခိုက်နည်း၊ ပစ်ခတ်နည်း စတာတွေကို ၀တ်စုံပြည့်လေ့ကျင့်ခဲ့ရဖူးပြီး၊ အဲဒီရက်ပိုင်းတွေ မှာ အစားအစာလည်း ကောင်းကောင်းမစားနိုင်ပဲ၊ အပြင်းဖျားခဲ့ကြောင်း ဆိုပါတယ်။ သူဟာ IS အခြေစိုက် စခန်းတစ်ခုမှာ 2 နှစ်ခွဲကြာ နေထိုင်ခဲ့ရပြီး၊ IS တွေက သူတို့ကို “ချိန်ကိုက်ဗုံးတွေ”လို့ ခေါ်တယ်လို့ ဆိုပါတယ်။

သူက ” ကျွန်တော်တို့ လက်နက်တွေ ဗုံးတွေကို သယ်နိုင်တယ် … ရိုင်ဖယ်ကို ဘယ်လိုဖြုတ်ရမယ် တပ်ရမယ် ဘယ်လို ပစ်ရမယ်ဆိုတာကိုလည်း သိပါတယ် … နောက် ပျက်နေတဲ့ လက်နက်တွေကိုလည်း အတော်အသင့်တော့ ပြင်နိုင်တယ် “လို့ သူက ဆိုပါတယ်။
ဒီအဖြစ်အပျက်ဟာ Kurdistan ပြည်နယ်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုလို့ ယူဆရပြီး၊ ဗွီဒီယိုဖိုင်ထဲမှာ ကနဦးက ကလေးရဲ့ မိခင်ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ ကလေးရဲ့ မိခင်က “သူက အခုဆို မိခင်ဘာသာစကားကို မပြောတတ်တော့ဘူးလေ … နောက် မိသားစုဝင်တွေကိုလည်း မမှတ်မိတော့ဘူး “လို့ ဖွင့်ဟခဲ့ပါတယ်။
လင်းဇော်ကို (Shwemom)
source : thesun.co.uk



IS တို့ထံမှ ခေါင်းဖြတ်နည်း အပါအ၀င်နည်းမျိုးစုံ သင်ခဲ့ရဟု လွတ်မြောက်ခဲ့သည့် ကလေးမှဖွင့်ဟ IS တို့ထံမှ ခေါင်းဖြတ်နည်း အပါအ၀င်နည်းမျိုးစုံ သင်ခဲ့ရဟု လွတ်မြောက်ခဲ့သည့် ကလေးမှဖွင့်ဟ Reviewed by Unknown on 10:03 AM Rating: 5

Post AD