HIV ဆေး စက်မှုဝန်ကြီးဌာန က ထုတ်လုပ်မယ် ဒီနှစ်ထဲမှာ ဈေးကွက် ထဲကို ဖြန်ချိသွားမှာပါ။
BPI ဆေးဝါးတွေ ထုတ်လုပ်ခဲ့တဲ့ စက်မှုဝန်ကြီးဌာန က HIV ပိုးရှိသူတွေ ကုသရာမှာ အသုံးပြုနိုင်မယ့် ဆေးဝါးတွေကို ဒီနှစ်အတွင်း ဈေးကွက်ထဲကို ထုတ်လုပ်ဖြန့်ချိသွားမယ်လို့ အဆိုပါဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။
ဧပြီလ ၂၆ ရက်နေ့က နေပြည်တော်ပြန်ကြားရေး ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ ပြည်ထောင်စုဝန်ကြီးဌာနလေးခုရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးကိုကိုလွင်က အခုလိုပြောကြားခဲ့တာဖြစ်ပြီး မြန်မာ့ဆေးဝါးလုပ်ငန်း၊ ရန်ကုန်ဆေးဝါးစက်ရုံမှာ HIV ဆေးဝါးထုတ်လုပ်ဖို့ အိန္ဒိယနိုင်ငံက နည်းပညာကိုဝယ်ယူထားပြီး FDA ကနေ လိုင်စင်ကျလာရင် ဈေးကွက်သို့တင်ပို့ ရောင်းချမယ်လို့ သိရပါတယ်။
“ဗိုင်းရပ်စ်သတ်တဲ့ဆေးပေါ့။ HIV တို့၊ ဘီပိုးတို့မှာ သုံးတယ်။ ART လိုလည်း မဟုတ်ဘူး။ အဲ့ဒီဆေးတစ်မျိုးတည်းနဲ့ ပျောက်တာတော့မဟုတ်ပါဘူး”လို့ အဆိုပါ ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ဆေးဝါးစက်ရုံ( ရန်ကုန်) က BPI စက်ရုံမှူး ဦးကိုကိုအောင်က ရှင်းပြပါတယ်။
ဒီနှစ်ထဲမှာ ထုတ်လုပ်မယ့် HIV ကုသဆေးနဲ့အတူ ကင်ဆာဝေဒနာရှင်တွေအတွက် နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ MorphineTablet ကိုစမ်းသပ်ထုတ်လုပ်နေပြီး မကြာခင်အချိန်အတွင်း ဈေးနှုန်းသက်သက်သာသာနဲ့ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။
“ပြည်တွင်း မှာ ထုတ်နိုင်ရင်တော့လည်း ကောင်းမှာပေါ့။ နိုင်ငံခြားငွေ မကုန်တော့ဘဲ ချွေတာရာ ရောက်တာပေါ့။ ရေရှည်အတွက်ပိုကောင်းတာပေါ့။ များသောအားဖြင့်ဒီဆေးဝါးတွေကို WHO ရဲ့ အရည်အသွေး ထောက်ခံချက် နိုင်ငံတော်ရန်ပုံငွေနဲ့ ဝယ်နေရတယ်လို့သိရတယ်”လို့ Burnet Institute Program Manager ဒေါက်တာဇော်မင်းဦးက ပြောပါတယ်။
စက်မှုဝန်ကြီးဌာန ကနေ ထုတ်လုပ်တဲ့ BPI အမှတ်တံဆိပ်ဆေးဝါးတွေကို အတုအပ ပြုလုပ်တာကနေ ကာကွယ်ဖို့နဲ့ အရည်အသွေး ပိုမိုကောင်းမွန်စေရေးဖို့ ဆေပြား ၆၉ မျိုး ဆေးမှုန့် တစ်မျိုးနဲ့ ထိုးဆေး ၆၄ မျိုးတို့ကို ထုပ်ပိုးမှုပုံစံအသစ်နဲ့ ပြောင်းလဲ ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။
Source : The Voice
Credit : Duwun

Reviewed by Unknown
on
8:12 AM
Rating:
Reviewed by Unknown
on
8:12 AM
Rating:

Post a Comment