ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ဂိုးသွင်းစံချိန်များကို Goal.com ဖော်ပြ
နာမည်ကြီးဘောလုံးဝက်ဘ်ဆိုက် Goal.com က ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ကစားသမားသက်တမ်းတစ်လျှောက် သွင်းဂိုးစံချိန်များကို ဖော်ပြခဲ့သည်။ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်အပတ်က ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်တွင် ဥရောပကလပ် အသင်းပြိုင်ပွဲ သွင်းဂိုး (၁၀၀) ပြည့်မြောက်သည့် ပထမဆုံး ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ် သွင်းဂိုးအများဆုံးအဖြစ်လည်း (၉၇) ဂိုး (ဘိုင်ယန်နှင့် ဒုတိယအကျော့မတိုင်မီ) သွင်းယူထားကာ မဟာပြိုင်ဘက် မက်ဆီထက် သုံးဂိုးအသာရထားသည်။
ချန်ပီယံလိဂ် တစ်ရာသီတည်းတွင် သွင်ဂိုးအများဆုံး (၁၄) ဂိုး (၂၀၁၃-၁၄)၊ အုပ်စုအဆင့်သွင်းဂိုးအများဆုံး (၁၁) ဂိုး (၂၀၁၅-၁၆)၊ ဟက်ထရစ်အများဆုံး သုံးကြိမ် (၂၀၁၅-၁၆) ရှိခဲ့ပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်များတွင် ၄၂ ဂိုးဖြင့် သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေသည်။ ထို့ပြင် ရီးယဲလ်အသင်း၏ သွင်းဂိုးအများဆုံး (၃၉၂) ဂိုး၊ ပေါ်တူဂီလက်ရွေးစင်အသင်း၏ သွင်းဂိုးအများဆုံး (၇၁) ဂိုး၊ ယူရိုပြိုင်ပွဲတွင် သွင်းဂိုးအများဆုံး (ခြေစစ်ပွဲများ အပါအ၀င်) (၂၉) ဂိုး၊ ယူရိုပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲလေးကြိမ်ဆက် ဂိုးသွင်းနိုင်သည့် တစ်ဦးတည်းသော ကစားသမား၊ မက်ဒရစ်ဒါဘီပွဲတွင် သွင်းဂိုးအများဆုံး (၈) ဂိုး၊ ဥရောပဂိုးသွင်းရွှေဖိနပ် (ESM) ဆုကို မတူညီသောလိဂ်ပြိုင်ပွဲနှစ်ရပ်တွင် ရရှိခဲ့သူစသည့် စံချိန်များကိုလည်း ပိုင်ဆိုင်ထားကြောင်း သိရသည်။

Reviewed by Unknown
on
9:32 AM
Rating:
Reviewed by Unknown
on
9:32 AM
Rating:

Post a Comment