Header AD

လုံးတုံရဲစခန်းပိုင်နယ်မြေတွင် အလိုမတူဘဲ သားမယား ကျင့်မှုဖြစ်ပွား

မိုးညှင်း ဧပြီ ၂၀

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံရဲစခန်းပိုင်နယ်မြေတွင် အလိုမတူဘဲ သားမယားကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ဧပြီ၁၉ရက်နေ့ နံနက် ၆နာရီခွဲ အချိန်က နန့်မွန်းကျေးရွာနေ မဇုံးဆောင် ၁၅နှစ်သည် တစ်ရွာတည်းနေ လက်သမားလုပ်ကိုင်နေသော ဖိုးတုတ် ၂၁နှစ် နှင့်အတူ အဒေါ် ဖြစ်သူဒေါ်ခေါ် န်နူးမှ အိမ်ဆောက်ရန် အတွက် လိုအပ်သော ပစ္စည်းများဝယ်ယူရန် မိုင်းနောင် ဈေးသို့ခိုင်းစေခဲ့သဖြင့် ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ဖိုးတုတ်မှ ဆိုင်ကယ်အား မိုင်းနောင်ဈေးတွင် မရပ်ဘဲ မမုန်ကိုင်ရွာ ဒီပင်္ကရာဘုရားကုန်းအထိမောင်းနှင်ခဲ့ပြီး မဇုံးဆောင်အား ချစ်တယ်ဟုပြောကာ ပခုံအား ဖက်ထားကြောင်း သိရသည်။

 ၎င်းနောက်ဘုရားကုန်းမှ အပြန် မိုင်းနောင်ရွာသို့မသွားဘဲ မမုန်ကိုင်ရွာနှင့် မိုင်းနောင်ရွာ ကြားရှိတောထဲသို့ ခေါ်ဆောင်သွားကာ ချုံပုတ်တစ်ခု ထဲတွင် အလိုမတူဘဲ သားမယားအဖြစ် (၁)ကြိမ် ပြုကျင့်ခဲ့သောကြောင့် အရေးယူပေးရန်အတွက် မဇုံဆောင်းက တိုင်တန်းခဲ့သဖြင့် လုံးတုံနယ်မြေ ရဲစခန်းမှ(ပ)၁၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ အမှုဖွင့်အရေးယူခဲ့ပြီး အမှုစစ်ရဲအုပ်ဗျက်ဆန်းက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လုံးတုံရဲစခန်းပိုင်နယ်မြေတွင် အလိုမတူဘဲ သားမယား ကျင့်မှုဖြစ်ပွား လုံးတုံရဲစခန်းပိုင်နယ်မြေတွင် အလိုမတူဘဲ သားမယား ကျင့်မှုဖြစ်ပွား Reviewed by Unknown on 6:11 PM Rating: 5

Post AD