နေပြည်တော်ရာဇဌာနီ လမ်းမကြီး၌ ယာဉ်တိမ်းမှောက် မီးလောင်မှုဖြစ်ပွား၊ ယာဉ်မောင်း မီးလောင်သေဆုံး
နေပြည်တော်ရာဇဌာနီ လမ်းမကြီး၌ ယာဉ်တိမ်းမှောက် မီးလောင်မှုဖြစ်ပွား
နေပြည်တော် ဧပြီ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီလမ်းမကြီး၌ ယာဉ်တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားရာ ယာဉ်မောင်းမှာ မီးလောင်၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၅ ရက် ည ၇ နာရီ ၁၅ မိနစ်က ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီလမ်းမကြီးအတိုင်း ပန်းခင်း မီးပွိုင့်ဘက်မှ ကုမုဒြာကြာပန်းအဝိုင်းဘက်သို့ ယာဉ် မောင်း အာကာဌေး (၂ဝနှစ်)လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနဝန်ကြီးရုံး မောင်းနှင်သော ယာဉ်သည် ဥပ္ပါတသန္တိစေတီတော်အလွန်တွင် အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်ခဲ့ရာမှ ကားမီးလောင်မှု ဖြစ်ပွား ပြီး ယာဉ်မောင်းသူမှာ အခင်းဖြစ်နေရာတွင် မီးလောင်သေဆုံးခဲ့သည်။
အခင်းဖြစ်နေရာသို့ နေပြည်တော်ယာဉ်မှုစစ် ရဲအုပ်အေးဇော်ဝမ်းနှင့် ရဲအုပ်သန်းကျော်ဌေးတို့ ရောက်ရှိခဲ့ပြီး ပျဉ်းမနားမြို့နယ်မှ မီးသတ်ယာဉ် နှစ်စီး၊ ပုဗ္ဗသီရိမြို့နယ်မှ မီးသတ်ယာဉ်နှစ်စီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး ဦးလှိုင် ဝင်းအောင်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်တို့ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်း သွားခဲ့သည်။
အခင်းဖြစ်စဉ်တွင် ယာဉ်နှင့်အတူ ယာဉ်မောင်း အာကာဌေးတစ်ဦးသာ ယာဉ်ပေါ်တွင်ပါရှိပြီး ပတ္တာ နယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နေပြည်တော်ရာဇဌာနီ လမ်းမကြီး၌ ယာဉ်တိမ်းမှောက် မီးလောင်မှုဖြစ်ပွား၊ ယာဉ်မောင်း မီးလောင်သေဆုံး
Reviewed by Unknown
on
6:39 PM
Rating:
Reviewed by Unknown
on
6:39 PM
Rating:


Post a Comment