သမီးငယ်ကို အဓမ္မပြုကျင့်ရန်ကြိုးစားတဲ့ ခင်ပွန်းကိုသတ် ဖြတ်ပြီး ချက်ပြုတ်စားသောက်ရန်ကြိုးစားတဲ့ အမျိုးသမီး
ခင်ပွန်းသည်ကို သတ်ဖြတ်ပြီး အသားတွေကို ဟင်းအဖြစ် ချက်ပြုတ်စားသောက်ဖို့ ကြိုးစားနေတဲ့ ပါကစ္စတန်အမျိုးသမီး ကို မြို့တော် ကရာချီ ရဲတပ်ဖွဲ့ဝင်တို့ကဝင်ရောက်တားမြစ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လူသတ်မှုတရားခံလို့ယူဆရတဲ့ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ အဆိုပါအမျိုးသမီး ဇီနက်ဘီဘီက သူမရဲ့ခင်ပွန်းဖြစ်သူ အာ မတ် အဘက်ကို သတ်ဖြတ်ကြောင်း ပြစ်မှုထင်ရှားတယ်လို့ ရဲစခန်းက ထုတ်ပြန်ထားပါတယ်။
ယင်းသို့လူသတ်ကျူးလွန် ရခြင်းအတွက် စစ်ဆေးမေးမြန်း မှုမှာ တရားခံအမျိုးသမီးဘီဘီက ခင်ပွန်းဖြစ်သူက သမီးဖြစ် သူကို လိင်အဓမ္မပြုကျင့်စော်ကားဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့ တာကြောင့် ယင်းသို့သတ် ဖြတ်ရခြင်းဖြစ်တယ်လို့ ဝန်ခံပြီး သူမအနေနဲ့ ဒီလုပ်ရပ်အတွက် နောင်တမရဘူးလို့ ဆိုပါ တယ်။
လက်ရှိမှာ ဘီဘီကို လူသတ်မှုနဲ့ ဖမ်းဆီးထားပြီး သူမခင်ပွန်း သည်ကို သတ်ဖြတ်ချိန်နဲ့ ခန္ဓာကိုယ်အသားတွေကို ချက် ပြုတ်စားသောက်ရန် သူမနဲ့အတူ ဝင်ပြီးကူညီပေးတဲ့ သူမရဲ့ တူဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ဇဟာအာမတ်ဆိုသူ လူ ငယ်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Phothutaw
သမီးငယ်ကို အဓမ္မပြုကျင့်ရန်ကြိုးစားတဲ့ ခင်ပွန်းကိုသတ် ဖြတ်ပြီး ချက်ပြုတ်စားသောက်ရန်ကြိုးစားတဲ့ အမျိုးသမီး
Reviewed by Unknown
on
9:57 AM
Rating:
Reviewed by Unknown
on
9:57 AM
Rating:


Post a Comment