Header AD

တစ်ဒေါ်လာတန် ထမင်းအကြွေး ကို နှစ်ပေါင်း၇၀ ကြာမှပြန်ပေး

အမေရိကန်နိုင်ငံ Utah ပြည်နယ် Salt Lake မြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀က စားခဲ့ဖူးတဲ့ ထမင်းကြွေးကို လာရောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ဒီမိန်းမက ရှေ့တံခါးက ဝင်လာတာ။ သူ့ပုံစံက စစ်ဆင်ရေး ဆင်းလာသလိုပဲ” လို့ စားပွဲထိုးအမျိုးသမီး Jasmine Back က KSL News ကို ပြောကြားခဲ့ပါတယ်။
ဒီမိန်းမဟာ အပြင်ဘက်က ကားထဲမှာ ရှက်ပြီးထိုင်နေတဲ့ သူ့အဖေကိုယ်စား ဆိုင်ထဲဝင်လာတာလို့ ဆိုပါတယ်။
“သူက ဝင်လာပြီးတော့ ကျွန်မအဖေက ၁၉၄၁ ခုနှစ်လောက်က ဒီမှာ ညစာစားခဲ့ဖူးတယ်လို့ပြောတယ် လို့ သူမက ဆိုပါတယ်။
ဒီအချိန်တုန်းက သူတို့ဟာ ဆယ်နှစ်သားပဲရှိပြီး သူနဲ့သူ့သူငယ်ချင်းတစ်ယောက်ဟာ ဒီ Lamb’s Grill စားသောက်ဆိုင်မှာ တစ်ဒေါ်လာတန် ညစာတွေကို စားပြီးတဲ့အခါ ပေးစရာမရှိလို့ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သူမရဲ့အဖေဟာ အဲ့အချိန်တည်းက ဒါကိုစိတ်စွဲနေခဲ့တာလို့ မစ္စ Back က ပြောကြားခဲ့ပါတယ်။
“လက်ရှိဆိုင်ပိုင်ရှင် Francis Liong က “ဒီ ၁ ဒေါ်လာက ကျွန်တော်မပိုင်ပါဘူး။ အရင်တုန်းက ပိုင်ရှင်တွေ ပိုင်တာပါ။ ကျွန်တော်လည်း ပြန်ပေးရမှာပါ” လို့ဆိုပါတယ်။
“နောက်လည်း Lamb’s Grillမှာ လာစားဖို့ သူ့ကို ကျွန်တော်က ပြောချင်ပါတယ်။ ထွက်တော့မပြေးနဲ့ပေါ့ဗျာ” လို့ အပြုံးနဲ့ သူက ပြောခဲ့ပါသေးတယ်။
တစ်ဒေါ်လာတန် ထမင်းအကြွေး ကို နှစ်ပေါင်း၇၀ ကြာမှပြန်ပေး  တစ်ဒေါ်လာတန် ထမင်းအကြွေး ကို နှစ်ပေါင်း၇၀ ကြာမှပြန်ပေး Reviewed by Unknown on 8:56 AM Rating: 5

Post AD