Header AD

သမ္မတထရမ့်တွင် စိတ်ရောဂါလက္ခဏာရှိဟု စိတ်ရောဂါအထူးကုများ ပြော

ဒေါ်နယ်ထရမ့်ဟာ သမ္မတတစ်ဦးအဖြစ် သူ့ရဲ့အခန်းကဏ္ဍကို ညှိနှိုင်းဆောင်ရွက်နေရပြီး လုံးဝကိုသေချာတဲ့ စိတ်ရောဂါလက္ခဏာ ရှိနေတယ်လို့ စိတ်ရောဂါအထူးကု ဆရာဝန်ကြီးအဖွဲ့က ညီလာခံတခုမှာ ပြောခဲ့ကြောင်း ဒေးလီးမေးလ်အွန်လိုင်းရဲ့ ဧပြီလ ၂၁ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတရဲ့ စိတ်ရောဂါအခြေအနေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ သက်သေသက်ကာရတွေကို ဆွေးနွေးဖို့ စိတ်ရောဂါဆိုင်ရာ သုတေသီ ၂၅ ဦးက ယေးလ်တက္ကသိုလ်မှာ ဧပြီ ၂၀ ရက်နေ့က စည်းဝေးခဲ့ပြီး လူအများစုက လက်ခံထားကြတဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ စံနှုန်းတွေနဲ့ လားလားကြီး ဆန့်ကျင်နေတဲ့ သဘောထားကွဲလွဲမှု တစ်ရပ်ကို ပြခဲ့ကြတာပါ။
သမ္မတမှာ ကိုယ်ရည်ကိုယ်သွေး ကစဥ့်ကလျားဖြစ်မှုတွေ ပေါင်းစပ်နေတဲ့ စိတ်ဝေဒနာကို ခံစားနေရတယ်လို့ စိတ်ရောဂါအထူးကုအားလုံးက သဘောတူ ကောက်ချက်ချခဲ့တာပါ။
ထရမ့်ရဲ့ တိုင်းပြည်အရေးနဲ့ပတ်သက်ပြီး ကိုယ်ဟန်ပြဆောင်ရွက်နေတဲ့ အန္တရာယ်တွေကို အမေရိကန်လူထုအား သတိပေးရမှာက သူတို့ရဲ့ “လူကျင့်ဝတ်ဆိုင်ရာ တာဝန်” ဖြစ်တယ်လို့ ပြောပြီး သူတို့ရဲ့ဆောင်ရွက်ချက်ကို စိတ်အထူးကု ဆရာဝန်ကြီးတွေက ကာကွယ်ပြောဆိုခဲ့ပါသေးတယ်။
သမ္မတရဲ့ လူမှုရေးဆန့်ကျင်မှု၊ အတ္တဝါဒီနဲ့ လူမျိုးကြီးဝါဒီဘက်တွေကို ယိမ်းယိုင်မှုတွေက သူတို့စွပ်စွဲမှုတွေရဲ့ အကြောင်းတရားတွေလို့ သူတို့က ယူဆနေကြောင်း ဒေးလီးမေးလ်ကို ပြောပါတယ်။
သမ္မတနဲ့ တစ်ဦးချင်းတွေ့ဆုံ နှစ်သိမ့်ဆွေးနွေးမှုမရှိပဲ ဆေးစစ်တမ်းတွေက လက်ခံနိုင်ဖွယ်ရာ ရှိမှာမဟုတ်ဘူးလို့ အခြားစိတ်ကျန်းမာရေး ပညာရှင်တွေကလည်း ညီလာခံမှာ ဝေဖန်ကြပါတယ်။
ကွန်နီတီကက်ပြည်နယ်ရှိ ရီပါပလစ်ကင်ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျေအာရိုမာနိုကတော့ “သူတို့က ရွေးကောက်ပွဲရဲ့ရလဒ်ကို လက်မခံနိုင်လို့ လူ့ကျင့်ဝတ်တွေကို ပြူတင်းပေါက်ကနေ လွှင့်ပစ်လိုက်တာလို့” စိတ်ရောဂါဆရာဝန်ကြီးအုပ်စုကို စွပ်စွဲလိုက်ပါတယ်။
ဒေါ်နယ်လ်ထရမ့်ရဲ့ အတ္တဝါဒ၊ လူမှုရေးဆန့်ကျင်မှုဝါဒနဲ့ လူမျိုးကြီးဝါဒ အပြုအမူတွေကြောင့် သမ္မတကို အမေရိကန်နိုင်ငံရဲ့ အန္တရာယ်ရှိသူအဖြစ် ယေးလ်တက္ကသိုလ်က စိတ်ရောဂါအထူးကု ဆရာဝန်ကြီးများအုပ်စုက သတ်မှတ်ကြတာလို့ ဆိုပါတယ်။
နယူးယော့ခ်တက္ကသိုလ်က ပါမောက္ခနဲ့ စိတ်ရောဂါ အထူးကုဆရာဝန်ကြီး တစ်ဦးဖြစ်သူ ဒေါက်တာ ဂျိမ်းစ်ဂေလီဂန်က ရွှေရည် (Goldenwater rule) ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကြောင့် စိတ်အထူးကုတော်တော်များများက ဒီအကြောင်းအရာကို ချဉ်းကပ်ဖို့ ကြောက်ရွံ့နေကြကြောင်း ပြောလိုက်ပါတယ်။
စိတ်ရောဂါအထူးကုတွေအနေနဲ့ လူထုရဲ့အထင်ကရပုဂ္ဂိုလ်တွေကို စစ်ဆေးမှုမရှိပဲ ဒီလူတွေအပေါ် သူတို့ရဲ့သဘောထားမှတ်ချက်ပေးခဲ့ရင် ဒီလိုမှတ်ချက်ပေးတဲ့ စိတ်ရောဂါဆရာဝန်တွေက လူ့ကျင့်ဝတ်မရှိတာလို့ ဒီစည်းမျဉ်းက ဆိုထားပါတယ်။
တစ်စုံတစ်ဦးက အန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတစ်ခုအဖြစ် သိသာထင်ရှားလာတဲ့အခါ အဲ့ဒီလူရဲ့ “သားကောင်တွေဖြစ်တဲ့” လူထုတွေကို စိတ်ရောဂါဆရာဝန်တွေက သတိပေးဖို့ မပျက်ကွက်ရဘူးဆိုတဲ့ သဘောတရားအနေနဲ့ သူနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သတိပေးရမယ့် တာဝန်ရှိလို့ သတိပေးတာဖြစ်ကြောင်း ဒေါက်တာဂေလီဂန်က ပြောပါတယ်။
“ဟာသလုပ်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ရွှေရည်စည်းမျဉ်းနဲ့ပတ်သက်ပြီး ထရမ့်ကို သတိပေးဖို့ကလည်း တာဝန်ပါပဲ” လို့ ဒေါက်တာ ဂေလီက ဒေးလီးအွန်လိုင်းကို ပြောပါတယ်။
“ဒီကိစ္စမှာ လူထုတွေကို သတိပေးရမှာက ကျနော်တို့တွေရဲ့ လုပ်ငန်းတာဝန်တစ်ရပ်ပဲ၊ အဲ့လိုမှာမဟုတ်ပဲ ကျနော်တို့က ဆိတ်ဆိတ်နေမယ်ဆိုရင် ဒီကိစ္စကြီးကို မလှုပ်မယှက် သဘောတူလက်ခံလိုက်တာပဲ” လို့ ဒေါက်တာ ဂေလီက ပြောပါသေးတယ်။

သမ္မတထရမ့်တွင် စိတ်ရောဂါလက္ခဏာရှိဟု စိတ်ရောဂါအထူးကုများ ပြော သမ္မတထရမ့်တွင် စိတ်ရောဂါလက္ခဏာရှိဟု စိတ်ရောဂါအထူးကုများ ပြော Reviewed by Unknown on 9:01 PM Rating: 5

Post AD