ကမ္ဘာနှင့်အ၀န်းတွင် လူ ၁၀ယောက်သေဆုံးလျှင် တစ်ယောက်မှာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ဟုဆို
ကမ္ဘာနဲ့အ၀န်းမှာ လူ၁၀ယောက်သေရင် တစ်ယောက်က ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပြီး ဆေးလိပ်ကြောင့် သေဆုံး သူအားလုံးရဲ့ တစ်ဝက်က တရုတ်၊ အိန္ဒိယ၊ အမေရိကန်နဲ့ ရုရှနိုင်ငံတွေက ဖြစ်တယ်လို့ သုတေသအသစ်တစ်ရပ်က ဆိုပါ တယ်။
ဆယ်စုနှစ်များစွာကြာအောင် ဆေးလိပ်ကို ထိန်းချုပ်နေခဲ့ပေမယ့်လည်း လူဦးရေ တိုးပွားလာတာနဲ့အမျှ ဆေးလိပ်သောက် သူအရေအတွက်ကလည်း တိုးလာနေတယ်လို့ သုတေသနက သတိပေးထားပါတယ်။
အထူးသဖြင့် ဖွံ့ဖြိုးပြီးကမ္ဘာမှာ ဆေးလိပ်ကုမ္ပဏီတွေက ဈေးကွက်အသစ်တွေကို လောဘတကြီးနဲ့ တိုးချဲ့လာနေတဲ့ အ တွက် သေဆုံးမှုနှုန်းဟာ ထပ်မံမြင့်တက်လာဖွယ်ရာ ရှိနေတယ်လို့ သုတသီတွေက ပြောကြားပါတယ်။
ရာစုနှစ်ဝက်ကျော် ဆေးလိပ်ရဲ့ ဆိုးကျိုးသာဓကတွေကို မငြင်းနိုင်အောင် ကြုံတွေ့လာခဲ့ရပြီးဖြစ်တဲ့ မျက်မှောက်ခေတ်မှာ လည်း လူ ၄ယောက်မှာ တစ်ယောက်နှုန်းက နေ့စဉ် ဆေးလိပ်သောက်သုံးသူတွေ ဖြစ်နေတယ်”လို့ သုတေသနမှူး ဒေါ က်တာ ဧမာနွေလ ဂါကီဒူက ပြောပါတယ်။
“ဆေးလိပ်ဟာ အရွယ်မတိုင်မီသေဆုံးမှုနဲ့ မသန်စွမ်းမှုအတွက် ဒုတိယအကြီးမားဆုံး အန္တရာဖြစ်တာကြောင့် သူ့ရဲ့ အ ကျိုးသက်ရောက်မှုကို လျှော့ချဖို့ဆိုရင် ဆေးလိပ်ကို ပိုတင်းကျပ်ရမှာပါ”လို့လည်း ၄င်းက ထပ်လောင်းပြော ကြား ပါ တယ်။
Credit to ဘီဘီစီ

Reviewed by Unknown
on
5:19 AM
Rating:
Reviewed by Unknown
on
5:19 AM
Rating:

Post a Comment