အမျိုးသားတစ်ဦး (၁၈) ပေအမြင့် သံဆူးကြိုးဖြင့်လည်ပင်းပတ်ကာ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
ကရင်ပြည်နယ်၊ဘားအံမြို့၊အမှတ်(၄)ရပ်ကွက်၊ ဖားမဲတောင်၊ဗျူးပွိုင့် မျှော်စင်တွင် ဧပြီလ(၂၀)ရက်နေ့ ညနေ (၅) နာ ရီ၊(၁၅)မိနစ်အချိန်ခန့်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သတင်းအရ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြာ ညိုနှင့် မြို့မရဲစခန်းမှူးတို့ပါဝင် သောအဖွဲ့မှ သက်သေများဖြင့် သွားရောက်စစ်ဆေးရာ သေဆုံးသူ မှာအောင်ဦး၊ ၂၃နှ စ်၊(ဘ)ဦးစိန်ဝင်း၊ဖားမဲတောင်ကြားလမ်းနေသူ ဖြစ်ကြောင်းသိရသည်။
(၁၈) ပေခန့်အမြင့်ရှိဗျူးပွိုင့်မျှော်စင် ဝရမ်တာ သံဆူးကြိုးအရှည် (၈) ပေခန့်နှင့် ရစ်ပတ်လျှက် ကြိုးဆွဲချသေဆုံးခြင်း
ဖြစ်ကာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိ ရ၍အလောင်းအားမာဃလူမှုကူညီရေးအဖွဲ့မှ ဘားအံဆေးရုံကြီး သို့ပို့ဆောင်ပြီး ဘားအံရဲစခန်းမှ ရဲဆေးစာပေးထားသည်။
အခင်းဖြစ်ပတ်ဝန်းကျင်အားစစ်ဆေးရာ အခင်းဖြစ်နေရာနှင့်ကိုက် (၁၀၀) ခန့်အကွာရှိ တောင်ခြေတွင်အပြာရောင်မြ င်းကြယ်ဖိနပ် (၁) ရံအားတွေ့ရှိ၍ စခန်းမှူးမှသက်သေများရှေ့သိမ်းဆည်းခဲ့ပြီးဖြစ်သည်။
ဖြစ်စဉ်အား ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ အရက်အလွန်အကျွံသောက် စားကာ စိတ်ရောဂါခံစားနေရပြီး မိသား စုနှင့်လည်း အိမ်ထောင်ရေး အဆင်မပြေဖြစ်ကာ လွန်ခဲ့သည့်(၃)လခန့်ကတည်းက နေအိမ်ပေါ်မှ ဆင်းပြီးကြုံ သည့်နေ ရာတွင် အိပ်လေ့ရှိသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီးအောင်ဦးသေဆုံးခြင်းအပေါ် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ဒုရဲအုပ် အောင်ကျော်ကိုမှတရားလိုပြုလုပ်ကာ ဘားအံမြို့မရဲစခန်းတွင်သေမှုသေခင်း အမှတ်စဉ် (၂၀/၂၀၁၇)ဖြင့် ရေးဖွင့်ပြီး မြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်မောင်ဦးမှ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Myanmaalinn

Reviewed by Unknown
on
9:27 AM
Rating:
Reviewed by Unknown
on
9:27 AM
Rating:

Post a Comment