အင်စတာဂရမ် အကောင့် ကို အန်းဒရွိုက် ဖုန်း တွေမှာ အင်တာနက် လိုင်း မဖွင့်ထားလဲ သုံးနိုင်ပြီ
အန်းဒရွိုက် ဖုန်း သုံးစွဲသူတွေအနေနဲ့ အင်စတာဂရမ် ကို အင်တာနက် လိုင်း မဖွင့်ထားရင်တောင် offline အနေနဲ့ သုံးလို့ ရနေ ပြီ ဖြစ်ကြောင်း သိရပါတယ်။ အင်စတာဂရမ်ဟာ ဆိုရှယ် မီဒီယာ အကောင့်တွေထဲမှာ ဒေတာဘီလ်အစားဆုံးဖြစ်ပါတယ်။ ပို့စ်တွေကို မိနစ်ပိုင်း ကြည့်ရင်တောင် ဒေတာအရမ်းစားတာ ကြောင့် သုံးစွဲသူနည်းတာ ဖြစ်ပါတယ်။
အခုဆိုရင် offline နဲ့ သုံးလို့ရပြီဖြစ်တာကြောင့် ဖုန်းဘီလ်စားမှာကို မစိုးရိမ်ရတော့ပါဘူး။ ဒါပေမဲ့ offline mode က အန်းဒရွိုက်အမျိုးအစားနဲ့ဖွင့်ထားတဲ့ အင်စတာဂရမ်အကောင့်တွေမှာပဲ သုံးလို့ရနိုင်မှာ ဖြစ်ပါတယ်။
အရင်ကဆိုရင် အင်တာနက် လိုင်းမမိရင်တောင် အင်စတာဂရမ်သုံးလို့ မရပါဘူး။ ဒါပေမဲ့ အင်စတာ ဂရမ်သုံးတဲ့ အန်းဒရွိုက်ဖုန်းတွေအတွက် လိုင်းမဖွင့်ထားဘဲ ပို့စ်တွေကို ကြည့်လို့ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုံတွေမှာ like နဲ့ ကွန်မန့်တွေ ပါဝင်ရေးလို့ရပြီး ပို့စ်တွေကိုပါ save လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်စတာဂရမ် ရဲ့ home မှာ ပေါ်နေတဲ့ stories နဲ့ Live တင်ထားတာတွေကိုတော့ လိုင်းမဖွင့်ရင် အလုပ်မလုပ်ပါဘူး။ offline mode နဲ့ သုံးနိုင်ဖို့ အင်စတာဂရမ် အပလီကေးရှင်း ကို အပ်ဒိတ်လုပ်ထားဖို့ လိုပါတယ်။
Credit : kumudra
အခုဆိုရင် offline နဲ့ သုံးလို့ရပြီဖြစ်တာကြောင့် ဖုန်းဘီလ်စားမှာကို မစိုးရိမ်ရတော့ပါဘူး။ ဒါပေမဲ့ offline mode က အန်းဒရွိုက်အမျိုးအစားနဲ့ဖွင့်ထားတဲ့ အင်စတာဂရမ်အကောင့်တွေမှာပဲ သုံးလို့ရနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုံတွေမှာ like နဲ့ ကွန်မန့်တွေ ပါဝင်ရေးလို့ရပြီး ပို့စ်တွေကိုပါ save လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်စတာဂရမ် ရဲ့ home မှာ ပေါ်နေတဲ့ stories နဲ့ Live တင်ထားတာတွေကိုတော့ လိုင်းမဖွင့်ရင် အလုပ်မလုပ်ပါဘူး။ offline mode နဲ့ သုံးနိုင်ဖို့ အင်စတာဂရမ် အပလီကေးရှင်း ကို အပ်ဒိတ်လုပ်ထားဖို့ လိုပါတယ်။
Credit : kumudra
အင်စတာဂရမ် အကောင့် ကို အန်းဒရွိုက် ဖုန်း တွေမှာ အင်တာနက် လိုင်း မဖွင့်ထားလဲ သုံးနိုင်ပြီ
Reviewed by Unknown
on
9:38 AM
Rating:
Reviewed by Unknown
on
9:38 AM
Rating:

Post a Comment