တိုက်ကြီးမြို့တွင် အုတ်လုပ်သည့်ကန်အတွင်း ရေကူးရာမှ လူငယ်နှစ်ဦးရေနစ်သေဆုံး
မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့၊ ဥပ္ပုံစု ရပ်ကွက်၊ သစ္စာလမ်းရှိ အလျားပေ(၂၀)အနံ(၁၅)ပေရှိ အုတ်လုပ်တဲ့ကန်ဟောင်းမှာ ဧပြီလ(၁၇)ရက် ညနေ(၅)နာရီ အချိန်ခန့်က (၁၆)နှစ်နဲ့(၁၄)နှစ်အရွယ်ကလေးနှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ တိုက်ကြီး မြို့မ ရဲစခန်းက ဒုရဲအုပ် မင်းအောင်ရဲ့ ပြောကြားချက်အရသိရပါတယ်။
သူငယ်ချင်း(၉)ယောက် ရေသွားကူးရာကနေ လူငယ်နှစ်ဦးရေနစ်သေဆုံးတာဖြစ်ပြီး ရေနစ်သေဆုံးတဲ့ ကန်ဘေးမှာ စက်ဘီးတစ်စီးနဲ့ဖိနပ်တစ်ရံ၊ ဘောင်ဘီအတို တစ်ထည်နဲ့ ရှာထိုးဦးထုပ် တစ်လုံးတို့တွေရှိကြောင်း ၊ ကလေးတစ်ဦးကရပ်ကွက်ရုံးကို လာရောက်အကြောင်းကြားရာကနေ သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားပြီး ရေနစ်သေဆုံးသူ လူငယ်နှစ်ဦးကို ဆည်ယူရကြောင်းဥပ္ပုံစု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံထွန်းက ရှင်းပြပါတယ်။
ရေနစ်သေဆုံးသူ ကလေးငယ်နှစ်ဦးကို တိုက်ကြီးမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀/၂၀၁၇ နဲ့ ဖွင့်လှစ်ခဲ့ပြီး ဓမ္မတာ အတိုင်း သေဆုံးတာဟုတ်မဟုတ် တိုက်ကြီးမြို့နယ် ပြည်သူဆေးရုံက စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး)ကပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb

Reviewed by Unknown
on
7:40 AM
Rating:
Reviewed by Unknown
on
7:40 AM
Rating:

Post a Comment