လက်မထပ်ရသေးဘဲ လိင်ဆက်ဆံခဲ့သည့် စုံတွဲအား ကြိမ်ဒဏ် ၂၅ ချက်စီ ပြစ်ဒဏ်ပေး
အင်ဒိုနီးရှားနိုင်ငံမှ စုံတွဲတတွဲဟာ လက်မထပ်ရသေးဘဲ လိင်ဆက်ဆံခဲ့ကြတယ်လို့ စွပ်စွဲခံရပြီးနောက် တယောက်ကို ကြိမ်ဒဏ် ၂၅ ချက်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ စူမားတြားကျွန်းပေါ်မှ ဘန်ဒရာခ်ျအေ့မြို့မှာ ဖြစ်ခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ တင်းကျပ်တဲ့ ရှရီယာဥပဒေအရ ပြစ်ဒဏ်ချမှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ရှရီယာရဲ့အဓိပ္ပာယ်က မွတ်စလင်တွေအနေနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ လမ်းညွှန်ထားတဲ့ “နည်းလမ်း” ဖြစ်ပြီး အပိုင်း ၄ ပိုင်း ခွဲထားတာပါ။
ခိုးမှုကျူးလွန်ရင် လက်ကိုဖြတ်ရမယ်၊ အိမ်ထောင်ရေး ဖောက်ပြန်သူတွေကို ကျောက်တုံးနဲ့ ပေါက်သတ်ရမယ် စတဲ့ ရှရီယာဥပဒေတွေဟာ လက်ရှိ လူ့အဖွဲ့အစည်းအတွင်းမှာ အငြင်းပွားစရာဖြစ်နေခဲ့ပြီး ဒါကို ခွင့်မပြုဖို့နဲ့ ဒီဥပဒေအရ ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်တွေ ပေးရာမှာလည်း အငြင်းပွားဖွယ် ဖြစ်နေတာပါ။

လက်ရှိအချိန်မှာတော့ လက်မထပ်ခင် လိင်ဆက်ဆံခဲ့တဲ့အတွက် ပြစ်ဒဏ်အဖြစ် ကြိမ်ဒဏ် ၂၃ ချက်ကနေ ၂၅ ချက်အထိ ရိုက်ခံရမယ်လို့ သတ်မှတ်ထားကာ ခုလိုပြစ်ဒဏ်ကျခံရမယ့် စုံတွဲ ၄ တွဲကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။
DVB
လက်မထပ်ရသေးဘဲ လိင်ဆက်ဆံခဲ့သည့် စုံတွဲအား ကြိမ်ဒဏ် ၂၅ ချက်စီ ပြစ်ဒဏ်ပေး
Reviewed by Unknown
on
8:30 AM
Rating:
Reviewed by Unknown
on
8:30 AM
Rating:

Post a Comment