Header AD

“ဆန်းချက်ဇ်၊ အိုဇေးလ်တို့ရဲ့ ဂိုးနဲ့ အာဆင်နယ် နိုင်ပွဲပြန်ရ”





“မစ်ဒယ်ဘရော့ ၁-၂ အာဆင်နယ်”
နောက်ဆုံး ၄ပွဲဆက် အဝေးကွင်းရှုံးထားတဲ့ အာဆင်နယ်ဟာ တန်းဆင်းဇုန်ထဲက ရုန်းကန်နေရတဲ့ မစ်ဒယ်ဘရော့ကို အကြိတ်အနယ် ကစားပြီး ၂ဂိုး-၁ဂိုးနဲ့ နိုင်ပါတယ်။ ဒီပွဲမှာ အာဆင်နယ် နည်းပြဟာ ခံစစ် ၃ယောက်ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး အသင်းရဲ့ ကစားကွက်ကို ပြောင်းလဲခဲ့ပါ တယ်။ ၃-၄-၃ ပုံစံ ကစားကွက်မှာ အထိုင်ကျဖို့ အာဆင်နယ်ကြိုးစား ကစားခဲ့ရပေမယ့် တောင်ပံတိုက်စစ်ပိုင်းကတော့ အရင်ပွဲတွေထက်ပို ကောင်းခဲ့ပါတယ်။
မစ်ဒယ်ဘရော့ကတော့ ခြေစွမ်းပိုင်း အားရစရာမရှိသလို တိုက်စစ်ကလည်း နီဂရဲဒိုးတစ်ဦးတည်းကို အထောင်ထားခဲ့လို့ အာဆင်နယ် ခံစစ်ဖိအားနည်းခဲ့ပါတယ်။ ဒါပေမယ့် တည်ကန်ဘောတွေကို ရှင်းထုတ်ရာမှာ အားနည်းတဲ့ အာဆင်နယ်ရဲ့ ခံစစ်ကို မစ်ဒယ်ဘရော့က အသုံးချပြီး ဂိုးရဖို့ ကြိုးကစားခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး အခွင့် အရေးသိပ်မရခဲ့ပေမယ့် ၄၂မိနစ်မှာ ဆန်းချက်ဇ်က ဖရီးကစ်ကနေ အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တန်ပြန်တိုက် စစ်ကနေ မစ်ဒယ်ဘရော့အတွက် ဒေါင်းနင်းပေးတာကနေ နီဂရဲဒိုးက ၅၀ မိနစ်မှာ ချေပဂိုးသွင်းခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း မစ်ဒယ်ဘရော့ ဦးဆောင် ဂိုးရလုနီးပါး အခွင့်အရေးတွေရခဲ့ပေမယ့် အာဆင်နယ် ဂိုးသမား ပက်တာချက် ကာကွယ်နိုင်ခဲ့လို့ ကံဆိုးခဲ့တာပါ။ အာဆင်နယ်အတွက် အနိုင်ဂိုးကို ၇၁မိနစ်မှာ အိုဇေးလ်က ကန်သွင်းပြီး ရယူခဲ့ပါတယ်။ နောက်ပိုင်းမှာ မစ်ဒယ်ဘရော့ရဲ့ တိုက်စစ်ဖွင့်ကစားမှုကြောင့် အာဆင်နယ် အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်လို့ ၂ဂိုး-၁ဂိုးနဲ့ သာနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ အာဆင်နယ်အတွက် နောက်ဆုံး အဝေးကွင်း ၅ပွဲမှာ ပထမဆုံး အကြိမ် အနိုင်ရတာလည်းဖြစ်ပါတယ်။
by BBC Burmese

“ဆန်းချက်ဇ်၊ အိုဇေးလ်တို့ရဲ့ ဂိုးနဲ့ အာဆင်နယ် နိုင်ပွဲပြန်ရ”  “ဆန်းချက်ဇ်၊ အိုဇေးလ်တို့ရဲ့ ဂိုးနဲ့ အာဆင်နယ် နိုင်ပွဲပြန်ရ” Reviewed by Unknown on 8:13 PM Rating: 5

Post AD