Header AD

မြောက်ကိုရီးယားနိုင်ငံက များစွာသော အမြောက်ကြီးများဖြင့် ပစ်ခတ်လေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်

မြောက်ကိုရီးယားနိုင်ငံက အမြောက်ကြီးများဖြင့် စစ်ရေးလေ့ကျင့်နေစဉ်(ဆင်ဟွာ/KCNA)     ဆိုးလ် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

    မြောက်ကိုရီးယားနိုင်ငံသည် ၈၅ နှစ်မြောက် မြောက်ကိုရီးယားစစ်တပ်တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ တွင်  အမြောက်ကြီးများ မြောက်များစွာဖြင့် လေ့ကျင့်ပစ်ခတ်မှုကို အကြီးအကျယ်ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ Yonhap သတင်းဌာနက ယနေ့ ( ဧပြီလ ၂၅ ရက်)တွင် ဖော်ပြခဲ့သည်။

 မြောက်ကိုရီးယားနိုင်ငံ အရှေ့ ပိုင်း ကမ်းရိုးတမ်းမြို့ တစ်ခုဖြစ်သော Wonsan မြို့ ၌ ပြုလုပ်သော ပစ်ခတ်လေ့ကျင့်မှုတွင် အပေါ့စားအမြောက်များ နှင့် အကြီးစားအမြောက်ကြီးများကို အသုံးပြု၍ မြေပြင်၌ ပစ်ခတ် လေ့ကျင့်မှုများကို အကြီးအကျယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အတည်မပြုနိုင်သော တောင်ကိုရီးယားအစိုးရသတင်းအရင်းအမြစ်များကို ကိုးကား၍ Yonhap သတင်းဌာနက သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

(Xinhua)
http://xinhuamyanmar.com
မြောက်ကိုရီးယားနိုင်ငံက များစွာသော အမြောက်ကြီးများဖြင့် ပစ်ခတ်လေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်  မြောက်ကိုရီးယားနိုင်ငံက များစွာသော အမြောက်ကြီးများဖြင့် ပစ်ခတ်လေ့ကျင့်မှု အကြီးအကျယ် ပြုလုပ် Reviewed by Unknown on 6:58 AM Rating: 5

Post AD