Header AD

ဆင်းရဲတဲ့တိုင်းပြည်မှာ မွေးလာတိုင်း ကိုယ်လည်း လိုက်ဆင်းရဲမှာပဲ လို့ ဘယ်သူမှ တစ်ထစ်ချမပြောနိုင်ပါ

အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ မိန်းမ တစ်ယောက်က ၁၂နှစ်အရွယ်ကလေးလေးတစ်ယောက်ကို လက်ဆွဲပြီး ခြံဝန်းကြီးထဲကို ဝင်သွားတယ်။ မိသားစု စားဝတ်နေရေး အတွက် သမီးလေး ကို ကျောင်းနှုတ်ပြီး ဒီအိမ်ကြီးမှာ အိမ်အကူအဖြစ်ထားဖို့ လာ ခဲ့တာပေါ့။ အမေ့မှာလည်း စိတ်မကောင်း သမီးလေး ကလည်း မျက်ရည်စက်လက်။
အဲဒီ မိသားစု မှာ ဒီ ကလေး နဲ့ရွယ်တူ ကလေးမလေး တစ်ယောက် ရှိတော့ သူကျောင်းသွားတဲ့အခါ လွယ်အိတ် ကူသ ယ်ပေးရတယ်။ သူစားမဲ့ စားကောင်းသောက်ဖွယ်တွေအတွက် ပြင်ဆင်ပေးရတယ်။ သူ ကစားချင်တဲ့အခါ ကူကစားေ ပးရပြီး၊ သူ မကစားချင်တဲ့အခါတွေမှာတော့ အဲဒီအရုပ်တွေကို ထိခွင့်၊ ကိုင်ခွင့်တောင် မရှိဘူး။
ဟိုကလေးမှာ ဝတ်စရာအဝတ်တွေ ဘီဒိုနဲ့အပြည့် ဖြစ်နေချိန်၊ သူ့မှာတော့ ခပ်နွမ်းနွမ်းဝတ်စုံလေးတွေတောင် လက်ဆ ယ်ချောင်းပြည့်အောင် မရှိဘူး။ ဟိုကလေးကို ဘယ်သူကမှ မဆူရက် မပြောရက် ဖြစ်နေကြပေမဲ့ သူ့မှာတော့ အဆူ အ ဆဲလွတ်အောင် သတိထား နေနေရတယ်။
ကလေးဖြစ်ပြီး သူ့မှာ ဆော့ခွင့် ဆိုတာ မရှိဘူး။ ဆိုးခွင့် မရှိဘူး။ ပူဆာခွင့် မရှိဘူး။ မိဘရင်ခွင်ထဲမှာ အပူအပင်ကင်း က င်းနေခွင့် မရှိဘူး။ ကလေးချင်းတူပေမဲ့ ပေါက်ဖွါးလာတဲ့ မိဘရဲ့အခြေအနေအပေါ် လိုက်ပြီး ဘဝချင်း ခြားနားကြတယ်။
ကိုယ့် ကလေး မပျော်တာ သိတယ်။ ကလေး ပီပီ ကျောင်းတက်ချင်မယ် ဆော့ချင်မယ် ပျော်ချင်နေမယ်ဆိုတာလည်း သိတယ်။ ကိုယ့်သားသမီးကို တစ်ခြားလူက ဆူပူကြိမ်းမောင်းနေတာကိုလည်း ဘယ်သူကမှ ပျော်ပျော်ရွှင်ရွှင် ကြည့်ေ နနိုင်မှာ မဟုတ်ဘူး။ ဒါဖြင့် ဘာလို့မျက်နှာလွှဲထားရသလဲ။ ဘာလို့လဲဆိုတော့ သူတို့လည်း စိတ်မကောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်လို့ပါပဲ။
ဘယ်လောက်ပဲချစ်တယ်ပြောပြော ကိုယ်က ဆင်းရဲနေရင် ကိုယ့် သားသမီး ကို ကောင်းကောင်း အကာအကွယ် ပေးနို င်မှာ မဟုတ်ပါဘူး။
လောကမှာ ငွေ ထက်အရေးကြီးတာတွေ အများကြီးရှိပါတယ်။ ဒါ အမှန်တရား ပါ။ ငြင်းစရာ မရှိပါဘူး။ ဒါပေမဲ့ ‘ငွေဟာ အရာတော်တော်များများကို ဖန်ဆင်းပေးနိုင်တဲ့ စွမ်းအားတစ်ခုဖြစ်တယ်’ ဆိုတာကလည်း နောက်ထပ် အမှန်တရား တ စ်ခု ဖြစ်ပါတယ်။ ဒါကိုလည်း မကောင်း မမြင်စေချင်ဘူး။
ဆင်းရဲတဲ့ မိဘ ရဲ့ သားသမီး က ကျောင်းထွက် အလုပ်လုပ်နေရတဲ့အချိန်မှာ ချမ်းသာတဲ့ မိဘရဲ့ သားသမီးတွေက နိုင် ငံတကာအဆင့်မီကျောင်းတွေမှာ ပညာသင်ခွင့် ရနေကြတယ်။
ဆင်းရဲတဲ့ မိဘ ရဲ့ သားသမီး တွေက ကျောင်းစာအုပ်တို့ ဘောပင်တို့အတွက် ပူပန်နေရတဲ့အချိန်မှာ ချမ်းသာတဲ့မိဘရဲ့ ကလေးတွေကတော့ နောက်ဆုံးပေါ် ဈေးကြီးကြီး IT ပစ္စည်းတွေကိုတောင် ပျက်စီးသွားမလား စိတ်ပူစရာမလိုဘဲ အ သုံးပြုနေကြတယ်။
ဆင်းရဲတဲ့ မိဘ ရဲ့ ကလေး တွေက ထမင်းတစ်နပ်အတွက် ပန်းရောင်းနေရတဲ့အချိန်မှာ ချမ်းသာတဲ့ မိဘ ရဲ့ သားသမီးေ တွကတော့ ဟင်းတစ်ပွဲ ငွေသောင်းဂဏန်းလောက် ပေးပြီး စားနေသာက်နေကြရတယ်။
အဲဒီလိုပါပဲ။
ချမ်းသာတဲ့နိုင်ငံရဲ့ သားသမီး တွေက အပြစ်ကြီးကြီး လုပ်ထားတာတောင် လွတ်ငြိမ်းချမ်းသာခွင့်တွေ ရကုန်ကြပေမဲ့ ဆင်းရဲတဲ့နိုင်ငံရဲ့ သားသမီး တွေကတော့ အပြစ်မရှိဘဲ သဘာဝဘေးဒဏ်တွေကြားထဲမှာ အကူအညီမဲ့ ဒုက္ခရောက်ေ နကြရတယ်။ စားဝတ်နေရေးအတွက် တစ်ခြားတိုင်းပြည်တွေမှာ အောက်ကျနောက်ကျ အလုပ်တွေ သွားလုပ်နေကြ ရတယ်။
ဆင်းရဲတဲ့တိုင်းပြည်က စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အစိုးရတစ်ရပ်ဟာ ဘယ်ပြည်သူကိုမှ အကာအကွယ်ကောင်းကောင်း မေ ပးနိုင်ပါဘူး။
ကျနော်တို့ဘဝမှာ ရွေးချယ်လို့ မရနိုင်တဲ့ အရာတစ်ခုက မွေးရပ်ဇာတိ ပါ။ ကိုယ်မွေးဖွါးမဲ့ ဇာတိမြေကို ရွေးချယ်လို့ မရနို င်ပေမဲ့ ကိုယ်သေသွားတဲ့အချိန်မှာ ကိုယ်မွေးဖွါးခဲ့တဲ့ တိုင်းပြည်ကို ဘယ်လိုပုံစံမျိုးနဲ့ ထားခဲ့ချင်သလဲဆိုတာတော့ ရွေးချ ယ်လို့ရပါတယ်။
“သင်သေသွားသော်၊
သင်ဖွါးသောမြေ သင်တို့မြေသည်၊
အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။” ဆိုတဲ့ ဆရာဇော်ဂျီရဲ့ကဗျာကို စွဲစွဲမြဲမြဲ မှတ်ထားကြရမှာပါ။
ဆင်းရဲတဲ့တိုင်းပြည်မှာ မွေးလာတိုင်း ကိုယ်လည်း လိုက်ဆင်းရဲမှာပဲ လို့ ဘယ်သူမှ တစ်ထစ်ချမပြောနိုင်ပါဘူး။ အရာအား လုံးက ကိုယ့်အပေါ်မှာ အဓိကမူတည်ပါတယ်။ အပံ့အပိုးမရှိတော့ ကိုယ့်အားကိုယ်ကိုး ရတယ်။ ပိုကြိုးစားရတယ်။ ပိုပင် ပန်းတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ စိတ်ဓါတ်မကျပါနဲ့။ ကျနော်တို့ ချမ်းသာအောင် လုပ်လို့ရပါတယ်။
ဆင်းရဲတာ မျက်နှာငယ်ရပါတယ်။ အသိပညာကို အားနည်းစေတယ်။ လူမှုဘဝကို လုံခြုံမှုကင်းမဲ့စေတယ်။ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းစေတယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် ပြိုင်လာတိုင်းမှာ ကိုယ့်ဘက်ကချည်းပဲ အရှုံးပေးနေရတယ်။ ဒါတွေကို ဆင်းရဲတဲ့ မိသားစုက ကျနော်တို့တွေ ကောင်းကောင်းကြီး သိနေကြပြီဆိုရင် ကျနော်တို့ သားသမီး တွေအတွက် ချမ်းသာတဲ့မိဘေ တွ ဖြစ်ပေးဖို့ လိုပါတယ်။ ဒါမှ လုံလောက်တဲ့ အကာအကွယ်တွေ ပေးနိုင်မှာပါ။
တိန့်ရှောင်ဖိန် ပြောခဲ့သလိုပါပဲ
ချမ်းသာတာ ဂုဏ်ရှိပါတယ်။
Credit: Dr Phyo Thiha
ဆင်းရဲတဲ့တိုင်းပြည်မှာ မွေးလာတိုင်း ကိုယ်လည်း လိုက်ဆင်းရဲမှာပဲ လို့ ဘယ်သူမှ တစ်ထစ်ချမပြောနိုင်ပါ ဆင်းရဲတဲ့တိုင်းပြည်မှာ မွေးလာတိုင်း ကိုယ်လည်း လိုက်ဆင်းရဲမှာပဲ လို့ ဘယ်သူမှ တစ်ထစ်ချမပြောနိုင်ပါ Reviewed by Unknown on 5:23 AM Rating: 5

Post AD