Header AD

တောင်ကိုရီးယားလုပ် ဒုံးခွင်းစနစ် အပြီးသတ်အဆင့်ကို ရောက်ရှိ



M-SAM ဟာ ၁၂.၄ မိုင် ခန့် အမြင့်က ပျံသန်းလာတဲ့ ပဲ့ ထိန်းဒုံးတွေကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။

ဧပြီ ၁၈ – တာတိုဒုံးကျည်ကာကွယ်ရေးစနစ်ကို တောင်ကိုရီးယားရဲ့ တီထွင်မှုဟာ အပြီးသတ်အဆင့်ကို ရောက်ရှိနေပြီလို့ အခုသီတင်း ပတ်အစောပိုင်းက စစ်ဘက်အရာ ရှိတစ်ဦးက ပြောပါတယ်။
အဆိုပါဒုံးခွင်းစနစ်ကို ထုတ်လုပ်ဖို့သင့်တော်ရဲ့လား၊ တပ်ဖြန့် ချထားဖို့ သင့်ရဲ့လားဆိုတာကို ဆုံး ဖြတ်ဖို့အတွက် အပြီးသတ်အကဲ ဖြတ် စမ်းသပ်မှုကို နောက်လမှာ ဆက်လုပ်သွားမယ်လို့လည်း ယွန်ဟပ်က ဖော်ပြခဲ့ပါတယ်။

M – SAM လို့ သိကြတဲ့ မြေ ပြင်ကနေ ဝေဟင်ပစ် တာလတ်ဒုံးကျည် အစောပိုင်း စမ်းသပ်ပစ် လွှတ်မှု ပြီးစီးသွားပြီးနောက်မှာ အကဲဖြတ်စမ်းသပ်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပြည်တွင်းမှာထုတ်လုပ်တဲ့ – M – SAM အမျိုးအစားဒုံးကျည်ဟာ နိုင်ငံရဲ့ ကိုရီးယားဝေဟင်နဲ့ ဒုံးကာကွယ်ရေးစနစ်ရဲ့ အရေးပါတဲ့ လိုအပ်ချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ သည်စနစ်က အမြင့်ပေ ၁၂.၄ မိုင်ခန့် အမြင့်က ပျံသန်းလာတဲ့ ပဲ့ ထိန်းဒုံးတွေကို ဖျက်ဆီးနိုင်စွမ်းရှိ ပါတယ်။

သည်ဒုံးကာကွယ်ရေးစနစ်ကို တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ နဲ့ LIG Nex 1 တို့က နိုင်ငံရဲ့ အခု လက်ရှိအသုံးပြုနေတဲ့ Cheon- gung အမျိုးအ စား မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်ကို အသုံးပြု ပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ နောက်ပိုင်းမှာ  အသုံးပြုသွားဖို့စီစဉ်ထားပြီး အများ အပြား ထုတ်လုပ်မှုကို လာမယ့်နှစ် မှာ လုပ်ဆောင်သွားမှာပါ ။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေတာကြောင့် ၂၀၂၀ နှစ်တွေကနေစပြီး ထုတ်လုပ်မှုတိုးမြှင့်သွားမှာဖြစ်တယ်လို့ ယွန်ဟပ်က ဖော်ပြခဲ့ပါတယ်။

နိုင်ငံကို မြောက်ကိုရီးယားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကနေ ကာကွယ်တဲ့နေရာမှာ အထောက်အကူ ပြုနိုင်ဖို့အတွက် သည်ဒုံးခွင်း စနစ်အသစ်ကို ကိုရီးယားစစ်တပ်မှာ အသုံးပြုနေတဲ့ PAC – 2, PAC – 3 ဒုံးကာကွယ်ရေးစနစ်တွေ၊ အမေရိကန်စစ်တပ်က အသုံးပြုနေတဲ့ Terminal High Altitude Area Defense System တို့နဲ့အတူ ပူးတွဲအသုံးပြုသွားမှာဖြစ်ပါတယ်။

မအေးသီမွန်
Credit:Kumudra
တောင်ကိုရီးယားလုပ် ဒုံးခွင်းစနစ် အပြီးသတ်အဆင့်ကို ရောက်ရှိ တောင်ကိုရီးယားလုပ် ဒုံးခွင်းစနစ် အပြီးသတ်အဆင့်ကို ရောက်ရှိ Reviewed by Unknown on 12:12 AM Rating: 5

Post AD