Header AD

သမီးရဲ့မင်္ဂလာဆောင်ပွဲအတွက် ဆင်းရဲသားများကို အိမ်အလုံးကိုးဆယ် လှူဒါန်းပေးခဲ့တဲ့ ဖခင်တစ်ဦး

 အိန္ဒိယနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဟာ သူရဲ့သမီးမင်္ဂလာဆောင်အတွက် မင်္ဂလာခန်းဝင်စရိတ်ကို အများအပြားသုံးမယ့်အစား မရှိဆင်းရဲများအတွက် အိမ်အလုံးကိုးဆယ်ကို ဆောက်လုပ်လှူဒါန်းပေးခဲ့ပါတယ်။
 စပါးနဲ့ အဝတ်အထည်ကုန်သည်ဖြစ်သူ Ajay Munot ဟာ သူ့သမီးမင်္ဂလာဆောင်အတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကျော်လောက်ကို သုံးစွဲဖို့ စီစဉ်ထားခဲ့ပေမယ့် ဒေသတွင်းက နိုင်ငံရေးသမားတစ်ဦးရဲ့အကြံပေးတိုက်တွန်းမှုကြောင့် ဆင်းရဲသားများအတွက် အိမ်လှူဒါန်းပေးဖို့ကိုသာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

 Ajay Munot ဟာ ၂ဧက အကျယ်ရှိတဲ့မြေပေါ်မှာ အိမ်အလုံး ၁၀၈လုံးကို ဆောက်လုပ်ခဲ့ပေမယ့် သမီးဖြစ်သူ မင်္ဂလာဆောင်တဲ့နေ့မှာ အိမ်အလုံးကိုးဆယ်သာ ပြီးစီးခဲ့လို့ အလုံးကိုးဆယ်ကိုပဲ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ Ajay ရဲ့လှူဒါန်းပေးခဲ့မှုနဲ့ပတ်သတ်ပြီး မင်္ဂလာသတို့သမီးဖြစ်တဲ့ Ajay ရဲ့သမီးဟာ အတော်လေးကို ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။



 Ajay လှူဒါန်းပေးတဲ့ အိမ်တွေမှာ နေထိုင်ခွင့်ရဖို့အတွက် စည်းကမ်းချက်များကို ထုတ်ပြန်ထားပြီး အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူမဟုတ်တဲ့ ရပ်ကွက်အတွင်းက တကယ့်ဆင်းရဲသားဖြစ်မှသာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ အိမ်တစ်လုံးမှာ ပြတင်းပေါက်နှစ်ပေါက် တံခါးပေါက်နှစ်ပေါက်ပါဝင်မှာဖြစ်ပြီး အိမ်တွေကို အနီရောင်နဲ့ အဖြူရောင်ဆေးများ သုတ်ပေးထားပါတယ်။

 သားသမီးများ မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာစရိတ်ကို ငွေကုန်ကြေးကျများစွာ အကုန်ခံမယ့်အစား မရှိဆင်းရဲသားတွေအတွက် မင်္ဂလာအလှူအဖြစ် လှူဒါန်းသွားသင့်ကြောင်း နိုင်ငံအတွင်းက သူဌေးသူကြွယ်များကို Ajay က တိုက်တွန်းသွားခဲ့ပါတယ်ခင်ဗျာ။

( VitamiN )

Ref : oddity

သမီးရဲ့မင်္ဂလာဆောင်ပွဲအတွက် ဆင်းရဲသားများကို အိမ်အလုံးကိုးဆယ် လှူဒါန်းပေးခဲ့တဲ့ ဖခင်တစ်ဦး သမီးရဲ့မင်္ဂလာဆောင်ပွဲအတွက် ဆင်းရဲသားများကို အိမ်အလုံးကိုးဆယ် လှူဒါန်းပေးခဲ့တဲ့ ဖခင်တစ်ဦး Reviewed by Unknown on 9:45 PM Rating: 5

Post AD