ရာသီဥတု ဆိုးရွှားမှုကြောင့် ရေတအားငတ်နေရရှာတဲ့ တောကြီးမြွေဟောက်တစ်ကောင်
ပြီးခဲ့တဲ့တစ်ပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူတစ်ယောက်လုံးကို မြိုချပစ်ခဲ့တဲ့ စပါးအုံးမြွေရဲ့သတင်းဟာ လူထုရဲ့စိတ်ဝင်စားခြင်းကို အတော်လေးရရှိခဲ့ရပါတယ်။ အခုတစ်ခါမှာလည်း အိန္ဒိယနိုင်ငံအတွင်း ရေအရမ်းဆာနေတဲ့ တောကြီးမြွေဟောက်တစ်ကောင်က လူတစ်ဦး ရေဗူးနဲ့ရေတိုက်လာတာကို အငမ်းမရ သောက်သုံးနေခဲ့ကြောင်း ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
ဒီဖြစ်ရပ်ကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသက ရွာလေးတစ်ရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီရွာလေးဟာ ယခုလက်ရှိမှာ သမိုင်းတလျောက် စံချိန်တင်လောက်အောင် မိုးခေါင်ရေရှားတဲ့ဘေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ရွာသူရွာသားများအနေနဲ့ တောတောင်နဲ့နီးကပ်စွာ နေထိုင်ရတာကြောင့် သားရဲတိရစ္ဆာန်များရဲ့ အန္တရာယ်ကို ကြောက်ရွံနေရသလို ဆိုးရွှားတဲ့ ရာသီဥတုဒဏ်ကိုလည်း စိုးရိမ်နေကြရပါတယ်။ တစ်နေ့မှာတော့ သူတို့ရွာထဲကို ကမ္ဘာပေါ်မှာရှိတဲ့ အဆိပ်အပြင်းဆုံး မြွေတွေထဲက တစ်ကောင်အပါအဝင်ဖြစ်တဲ့ တောကြီးမြွေဟောက်ကြီးတစ်ကောင် ရောက်ရှိလာခဲ့ပါတော့တယ်။
အရှည်အားဖြင့် ၁၂ပေလောက်ရှိတဲ့ အဆိပ်ပြင်းမြွေကြီးတစ်ကောင်ကို တွေ့ရှိလိုက်ရတာကြောင့် ရွာသူရွာသားများအနေနဲ့ လန့်ဖြတ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ထူးဆန်းတာက မြွေကြီးဟာ ရွာသူရွာသားများကို ရန်မမူတဲ့အပြင် သူရဲ့သွားလာနေမှုကပါ ဟန်ပျက်နေတာကို သတိထားမိသွားခဲ့ပါတယ်။ ဒါနဲပဲ့ သဘာဝ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအသင်းက ကျွမ်းကျင်သူတွေကိုခေါ်ပြီး မြွေကြီးရဲ့ အခြေအနေကို စစ်ဆေးခိုင်းပါတော့တယ်။ ကျွမ်းကျင်သူတွေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဒီတောကြီးမြွေဟောက်မှာ အလွန်ကိုရေဓါတ်ခမ်းခြောက်တဲ့ဝေဒနာ ခံစားနေရမှန်း သိရှိသွားခဲ့ရပါတယ်။
ဒါကြောင့် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအသင်းမှ ခေါင်းဆောင်ဖြစ်သူဟာ အန္တရာယ်အရမ်းများတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုသူဟာ ရေဗူးတစ်ဗူးကိုကိုင်ပြီး အဆိပ်ပြင်းလှတဲ့ တောကြီးမြွေဟောက်ကို ရေတိုက်ပေးခဲ့ပါတယ်။ ထိုသို့ ရေတိုက်နေချိန်မှာ တခြားအဖွဲ့သားများက မြွေကြီးကို ထိန်းချုပ်ပေးထားရပါတယ်။ စက္ကန့်လေးဆယ်လောက် ကြာပြီးသွားချိန်မှတော့ မြွေကြီးလည်း ရေဓါတ်ပြန်လည်ပြည့်ဝသွားခဲ့ပါတယ်။ ရာသီဥတု ဆိုးရွှားမှုများက လူသားတွေအပေါ်မှာသာမကပဲ တောရိုင်းတိရစ္ဆာန်များအပေါ်မှာ ဆိုးကျိုးတွေသက်ရောက်နေတယ်ဆိုတာ ဒီဖြစ်ရပ်နဲ့ကနေ သိရှိနိုင်ပါတယ်ခင်ဗျာ။
VitamiN
Ref: Weirdasianews

Reviewed by Unknown
on
11:55 PM
Rating:
Reviewed by Unknown
on
11:55 PM
Rating:

Post a Comment