ကားတံခါးနဲ့ညှပ်ပိတ်ပြီး ရဲစခန်းဆီ အပို့ခံလိုက်ရတဲ့ ဘတ်စ်ကားပေါ်က ဖုန်းသူခိုး
ရန်ကုန်မြို့က ဘတ်စ်ကားတွေပေါ်မှာသာ ခါးပိုက်နှိုက်တွေ ဖုန်းသူခိုးတွေ သောင်းကျန်တာမဟုတ်ပါဘူး။ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာဒေသက ဘတ်စ်ကားများပေါ်မှာလည်း သူခိုးတွေ သောင်းကျန်းလျက်ရှိပါတယ်။ ဒါပေမယ့် ဒီလိုသောင်းကျန်းနေတဲ့ သူခိုးတွေထဲက တစ်ဦးကတော့ ကံဆိုးစွာနဲ့ အဖမ်းခံလိုက်ရပါတယ်။
ဒီသူခိုးဟာ ဘတ်စ်ကားပေါ်မှာ အမျိုးသမီးတစ်ဦးဆီကနေ ဖုန်းကိုအလစ်သုတ်ဖို့ကြိုးစားနေတုန်းလူမိသွားခဲ့လို့ ရဲစခန်းကို ပို့ဆောင်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။ ဒါဟာ အဖမ်းခံရတဲ့ သူခိုးတွေအတွက် သာမာန်ကိစ္စတစ်ခုဖြစ်ပေမယ့် ဒီသူခိုးအတွက်ကတော့ တစ်ရှက်ကနှစ်ရှက်အထိ ဖြစ်သွားစေရပါတယ်။
ဘာကြောင့်လဲဆိုတော့ သူဝင်လှုပ်ရှားခဲ့တဲ့ ဘတ်စ်ကားရဲ့ဒရိုင်ဘာက သူ့ကိုဖမ်းမိသွားတဲ့အခါမှာ ရဲစခန်းကို ရိုးရိုးတန်းတန်း ခေါ်သွားခဲ့တာမဟုတ်ပဲ ကားတံခါးမှာညှပ်ပိတ်ပြီး တရွှက်တိုက်ခေါ်ဆောင်သွားခဲ့တာကြောင့်ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့များက ဘတ်စ်ကားဒရိုင်ဘာရဲ့လုပ်ရက်ကို ချီးကျုးပြောဆိုသွားပြီး သူတို့ဒေသအတွင်းက ဘတ်စ်ကားပေါ် ၊ လမ်းပေါ်တွေမှာ အလစ်သုတ်ခိုးဆိုးလုနှိုက်မှုတွေ အရမ်းများပြားနေကြောင်းနဲ့ ပြည်သူများ သတိထားသွားလာဖို့လိုကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။
( VitamiN )
Ref : Metro
ကားတံခါးနဲ့ညှပ်ပိတ်ပြီး ရဲစခန်းဆီ အပို့ခံလိုက်ရတဲ့ ဘတ်စ်ကားပေါ်က ဖုန်းသူခိုး
Reviewed by Unknown
on
9:40 PM
Rating:
Reviewed by Unknown
on
9:40 PM
Rating:



Post a Comment