Header AD

ခြေထောက်လေးချောင်းနဲ့ လိင်အင်္ဂါနှစ်ခုပါလာတဲ့ ကလေးငယ်

ခြေထောက်လေးချောင်းနဲ့ လိင်အင်္ဂါနှစ်ခုပါလာတဲ့ ကလေးငယ်


 ခြေထောက်လေးယောက်ချောင်းနဲ့ အမျိုးသားလိင်အင်္ဂါနှစ်ခု ပါဝင်လာခဲ့တဲ့ ထူးထူးခြားခြား ကလေးငယ်တစ်ဦး အိန္ဒိယနိုင်ငံအတွင်းမှာ ဖွားမြင်လာခဲ့တယ်လို့ သိရပါတယ်။

 ဒီကလေးငယ်ကို ပြီးခဲ့တဲ့ စနေနေ့ မနက်အစောပိုင်းက မွေးဖွားခဲ့တာဖြစ်ပြီး အခက်အခဲတစ်စုံတစ်ရာမရှိပဲ မွေးဖွားခဲ့တာဖြစ်တယ်လို့ ဆရာဝန်ကဆိုပါတယ်။ ကလေးငယ်လေးရဲ့ မိခင်ဖြစ်သူကတော့ သူမကလေးငယ်ရဲ့အသွင်ပုံစံဟာ ထူးခြားနေပေမယ့် သူမတို့မိသားစုအတွက် ဘုရားပေးတဲ့ဆုလာဒ်လို့သာ ခံယူထားပြီး သာမာန်ပုံစံအတိုင်းဖြစ်စေရန်အတွက် ဆေးရုံတစ်ရုံမှာ သွားရောက်ကုသပေးဖို့ စိတ်မပါပဲရှိနေပါတယ်။

 သို့ပေမယ့်လည်း မိသားစုဝင်တွေရဲ့ အကြံပေးမှုတွေကြောင့် သူတို့ဒေသနားမှာရှိတဲ့ အထူးကုဆရာဝန်ကြီးတစ်ဦးထံကို သွားရောက်အကြံညဏ်တောင်းခဲ့ပါတယ်။ ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က ဆင်းရဲနွမ်းပါးလွန်းတဲ့ ကလေးငယ်လေးရဲ့မိခင်အတွက် ကြီးမားနေတာကြောင့် လက်လျော့လိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကလေးငယ်လေးကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန်က Vijayanagara Institute of Medicine Science ( VIMS ) ဆီကို အကူအညီတောင်းခံပေးထားပြီး VIMS ဘက်မှလည်း လက်ခံပေးခဲ့ပါတယ်။

  VIMS ဘက်ကနေ အကူအညီရခဲ့တာကြောင့် ကလေးငယ်လေးကို ပုံမှန်လူသားတစ်ယောက်ရဲ့ ပုံစံအတိုင်း မြင်တွေရဖို့ မျှော်လင့်လာနိုင်သလို ဒီကလေးငယ်လေးကို အကောင်းပကိတိုင်းဖြစ်အောင် ခွဲစိတ်ကုသပေးဖို့ကလည်း VIMS က ဆရာဝန်များအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေမှာလည်း သေချာပါတယ်ခင်ဗျာ။


( VitamiN )

Ref : Metro
ခြေထောက်လေးချောင်းနဲ့ လိင်အင်္ဂါနှစ်ခုပါလာတဲ့ ကလေးငယ် ခြေထောက်လေးချောင်းနဲ့ လိင်အင်္ဂါနှစ်ခုပါလာတဲ့ ကလေးငယ် Reviewed by Unknown on 9:36 PM Rating: 5

Post AD