Header AD

ခွေးကိုက်ခံရတဲ့ဒဏ်ရာကြောင့် သေဆုံးသွားတဲ့ ဆယ်ကျော်သက်ကောင်လေး ရုတ်တရတ်ပြန်ရှင်လာ

 ခွေးကိုက်ခံထားရတဲ့ ဒဏ်ရာများစွာကြောင့် အသက်ဆုံးရှုံးသွားရတဲ့ ဆယ်ကျော်သက်အရွှယ် ယောကျာင်္းလေးတစ်ယောက်ဟာ သူရဲ့အသုဘအခမ်းအနားမှာပဲ ရုတ်တရက် အသက်ပြန်ရှင်လာခဲ့တယ်လို့ သိရပါတယ်။

 အသက် ၁၇နှစ်အရွှယ်ရှိ အိန္ဒိယနိုင်ငံသား Kumar Marewad ဟာ ခွေးအကိုက်ခံထားရတဲ့ ဆိုးဆိုးရွှားရွှားဒဏ်ရာများကြောင့် လေဝင်ပေါက်ပိတ်သွားသလို ဖြစ်သွားခဲ့ပါတယ်။

 Managundi ဒေသမှာနေထိုင်တဲ့ Kumar ရဲ့မိသားစုဝင်များ ပြောဆိုချက်အရ Kumar ကို ပြသခဲ့တဲ့ဆေးရုံမှ ဆရာဝန်ကြီးတစ်ဦးက Kumar အနေနဲ့ အသက်ရှင်သန်ဖို့ မလွယ်ကူတော့ကြောင်း ပြောဆိုခဲ့ပြီး သိပ်မကြာခင်မှာပဲ Kumar ဟာ လူလောကထဲကနေ ထွက်ခွာသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 သေဆုံးသွားတဲ့ Kumar ရဲ့ အလောင်းကို အိမ်ပြန်သယ်ဆောင်ပြီး အသုဘအခမ်းအနားအတွက် မိသားစုဝင်များက ပြင်ဆင်နေကြချိန်မှာပဲ ထူးဆန်းတာတစ်ခု ဖြစ်လာခဲ့ပါတယ်။

 သေဆုံးသွားပြီလို့ သတ်မှတ်ထားတဲ့ Kumar ဟာ မျက်စိတွေပွင့်လာခဲ့ပြီး ခြေတွေလက်တွေ စတင်လှုပ်ရှားလာကာ အသက်ရှုသံ ခပ်ပြင်းပြင်းတွေလည်း ထွက်ပေါ်လို့လာခဲ့ပါတယ်။ Kumar မသေဆုံးသေးမှန်း သိသိချင်းမှာပဲ မိသားစုဝင်များက Kumar ကို ဆေးရုံတစ်ခုဆီ အလျင်အမြန်တင်ပို့ပေးခဲ့ပါတယ်။

 ဆေးရုံအရောက်မှာတော့ Kumar ရဲ့လေဝင်ပေါက်ဟာ ပြန်လည်ပွင့်လှစ်သွားပြီဖြစ်ကြောင်းနဲ့ သေဆုံးပြီလို့ သတ်မှတ်လိုက်ရတာဟာ ခွေးကိုက်ခံရစဉ်က လေဝင်ပေါက်ပိတ်အောင် ပြုလုပ်နိုင်ခဲ့တဲ့ ကူးစက်ပိုးတစ်ခုကြောင့်ဖြစ်နိုင်ကြောင်း ဆရာဝန်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဒါကြောင့် Kumar ကတော့ ဒုတိယမြောက်အသက်နဲ့ လူ့ဘဝထဲမှာ ကံကောင်းစွာ ဆက်လက်ရှင်သန်ခွင့် ရရှိသွားခဲ့တာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

VitamiN

Source : Metro
ခွေးကိုက်ခံရတဲ့ဒဏ်ရာကြောင့် သေဆုံးသွားတဲ့ ဆယ်ကျော်သက်ကောင်လေး ရုတ်တရတ်ပြန်ရှင်လာ ခွေးကိုက်ခံရတဲ့ဒဏ်ရာကြောင့် သေဆုံးသွားတဲ့ ဆယ်ကျော်သက်ကောင်လေး ရုတ်တရတ်ပြန်ရှင်လာ Reviewed by Unknown on 9:33 PM Rating: 5

Post AD