Header AD

သင်္ကြန်အကယ်ဒမီပေးလောက်တဲ့ သူတို့အကလေးတွေ ကြည့်ပြီးပြီလား

ရန်ကုန်မြို့လယ် မြို့တော်ခန်းမမဏ္ဍပ်ရှေ့မှာ တွဲကနေတဲ့ စုံတွဲနှစ်ယောက်ဟာ အွန်လိုင်းမှာ အတော်လေးကို လူကြည့်များ နာမည်ကြီးခဲ့ပါတယ်။
မဏ္ဍပ်ရှေ့မှာ ကနေတဲ့ အန်ကယ်တစ်ယောက်ကိုတွေ့တော့ ကောင်မလေးတစ်ယောက်က ၀င်ပြီး အတူကခဲ့ပါတယ်။ တစ်ချို့ကလဲ မိန်းကလေးက နိုင်ငံခြားသူလေး ဖြစ်တယ်လို့လဲပြောကြတယ်။ ကနေတာလေးတွေကိုကြည့်ပြီး အရမ်းကြည်နူးစရာ အချိန်လေးပါ။ နှစ်ယောက်လုံး ပျော်ပျော်ပါးပါးပါဘဲ။
သူတို့ကနေတာကိုကြည့်ပြီး ကြည့်တဲ့သူတွေက အမျိုးမျိုးတော့ ပြောကြတယ်။ ကြိုက်တဲ့သူ ကြည့်ပြီးပျော်သွားတဲ့သူတွေက များပါတယ်။
“ကြွားတာဟုမဟုတ်ပါ။ ပျော်ရွှင်စရာကို အတူတူမျှဝေခံစားကြချင်တာပါ။ (ဆန်းပြားပေမဲ့ သူတို့စိတ်တွေရိုးသားတာကို ငြင်းလို့မရနိုင်တာလေးကိုပါခင်မျ)” ဆိုပြီး ပရိသတ်တစ်ယောက်က ပြောသွားပါတယ်။
နောက်တစ်ယောက်ကလဲ ” မြန်​မာပြည်​မှာလုပ်​တဲ့သင်္ကြန်​ပဲ မန္တ​လေး ရန်​ကုန်​ကွဲပြားတာမရှိဘူး အကုန်​လုံးကနှစ်​သစ်​ကို ကိုယ့်​ပုံစံနဲ့ကြိုဆိုကြတာပဲ မြန်​မာရိုးရာဓ​လေ့ကြိုဆိုတာကိုအဲ့လို​တော့ ဘယ်​ဟာကပို​ကောင်းတယ်​ဆိုပြီးမခွဲခြားသင့်​ပါဘူး” ပြောသွားကာ သူ့တို့စုံတွဲကို သုံးသပ်သွားပါတယ်။
ကိုယ်တိုင်ခံစားကြည့်ရှုနိုင်ဖို့ ရုပ်သံဖိုင်ကို အောက်ဆုံးမှာ တွဲတင်ပေးလိုက်ပါတယ်။ လွှတ်လပ်စွာ ပြောဆို သုံးသပ် သဘောကွဲလွဲနိုင်ပါတယ်။

Video ကြည့်ရှုရန်လင့်>>>https://www.facebook.com/MyanmarLiveUpToDate/videos/1798891680425121/

သင်္ကြန်အကယ်ဒမီပေးလောက်တဲ့ သူတို့အကလေးတွေ ကြည့်ပြီးပြီလား သင်္ကြန်အကယ်ဒမီပေးလောက်တဲ့ သူတို့အကလေးတွေ ကြည့်ပြီးပြီလား Reviewed by Unknown on 9:25 PM Rating: 5

Post AD