Header AD

ကြီးမားတဲ့ဂြိုဟ်သိမ်တစ်ခု ကမ္ဘာအနီး ယနေ့ ဖြတ်သန်းသွားမည်

 ဧပြီ ၁၉ – တစ်မိုင်ရဲ့လေးပုံတစ်ပုံကျော် ကြီးမားကျယ်ပြန့်တဲ့ ဂြိုဟ်သိမ်ကြီးတစ်ခုဟာ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာဂြိုဟ် နဲ့နီးကပ်တဲ့နေရာကဖြတ်သန်းသွားမှာဖြစ်ပြီး မိုင်ပေါင်းတစ်သန်းကျော်ခန့်အကွာအဝေးကနေ တစ်ဟုန်ထိုး ဖြတ်သန်းသွားမှာဖြစ်ပေမယ့် ထိခိုက်မိမယ့်အနေအထားတော့မရှိဘူးလို့ နာဆာသိပ္ပံပညာရှင်တွေရဲ့ အဆိုအရ သိရပါတယ်။
ကမ္ဘာဂြိုဟ်အနီးနားကို သေးငယ်တဲ့ဂြိုဟ်သိမ်တွေပုံမှန်ဖြတ်သန်းသွားလေ့ရှိပေမယ့် ၂၀၁၄ ခုနှစ်မေလမှာ တွေ့ရှိခဲ့တဲ့ 2014J025 ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ကမ္ဘာကိုအနီးဆုံးဖြတ်သန်းသွားတဲ့ အကြီးဆုံးဂြိုဟ်သိမ်ကြီး တစ်ခု ဖြစ်လာမှာဖြစ်ပြီး ကမ္ဘာနဲ့ လကြားအကွာအဝေးရဲ့ ၄.၆ ဆခန့်လောက်အကွာ (မိုင် ၁.၁သန်း) ကနေ ပျံသန်းသွားမှာဖြစ်ပါတယ်။
ခန့်မှန်းခြေ တစ်မိုင်ရဲ့လေးပုံတစ်ပုံကနေ လေးပုံသုံးပုံကြား ကျယ်ပြန့်ပြီး လရဲ့နှစ်ဆနီးပါးအလင်းပြန်နိုင်စွမ်းရှိတဲ့ သည်ဂြိုဟ်သိမ်ကြီးကို သာမန်မျက်စိနဲ့တော့မြင်နိုင်မှာမဟုတ်ပေမယ့် အာကာသကောင်းကင်ကြည့်သူတွေ အိမ်မှာ အသုံးပြုလေ့ရှိတဲ့ တယ်လီစကုပ်တွေနဲ့ ဗုဒ္ဓဟူးနေ့ကစပြီးတော့ တစ်ည ဒါမှမဟုတ် နှစ်ညအထိ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
J025 ချဉ်းနင်းဖြတ်သန်းမှုဟာ အနည်းဆုံးနောက်နှစ်ပေါင်းငါးရာအတွက် အနီးကပ်ဆုံးဂြိုဟ်သိမ်တစ်ခု ပျံသန်းမှုကြီး ဖြစ်လာမှာပါ။
ချိုလေးငယ်
ref:Reuters. Apr 19, 2017
ကြီးမားတဲ့ဂြိုဟ်သိမ်တစ်ခု ကမ္ဘာအနီး ယနေ့ ဖြတ်သန်းသွားမည် ကြီးမားတဲ့ဂြိုဟ်သိမ်တစ်ခု ကမ္ဘာအနီး ယနေ့ ဖြတ်သန်းသွားမည် Reviewed by Unknown on 7:30 AM Rating: 5

Post AD