ငွေလုယူထွက်ပြေးသူတွေကိုဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ ၁၃နှစ်အရွယ်ယောင်္ကျားလေးတစ်ဦးကိုပါ ငွေတွေနဲ့အတူဖမ်းမိ
ရန်ကုန်။ ဧပြီ ၁၉ – ပုသိမ်မြို့နယ်ကမ္ဘောဇဘဏ်ခွဲကနေငွေ၁၆သိန်းထုတ်ယူလာတဲ့ဆားစက်ပိုင်ရှင်တစ်ဦးဆီက ငွေလုယူထွက်ပြေးခဲ့သူသုံးဦးကိုဖမ်းဆီးတဲ့နေရာမှာ အသက် ၁၃နှစ်အရွယ် အသက်မပြည့်သေး သူကိုပါ လုယူခဲ့တဲ့ဝေပုံကျငွေတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ် လို့ပုသိမ်မြို့မရဲစခန်း ကနေသိရပါတယ်။
ဘဏ်ကနေငွေထုတ်ယူလာတဲ့ဆားစက်ပိုင်ရှင်ဟာ ပိုက်ဆံကို ဆိုင်ကယ်ဖင်ထိုင်ခုံအောက်မှာ ထည့်ပြီးပြန်လာတယ်။ လမ်းမှာမိတ်ဆွေ ရဲ့ ဆိုင်မှာဆိုင်ကယ်ကို သော့မဖြုတ်ဘဲရပ်ကာ ခဏစကားဝင်ပြောနေတုန်း အမျိုးသားနှစ်ဦးနဲ့ကလေးငယ်တစ်ဦးဟာ ဆိုင်ကယ်ကိုမောင်း ယူထွက်ပြေးခဲ့တာကိုစီစီတီဗီမှတ်တမ်းအရခြေရာကောက်မိတယ်လို့ ပုသိမ်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ငွေလုယူထွက်ပြေးမှုဟာ ဧပြီလ ၁၈ရက်နေ့ နေ့လည် ၃နာရီက ဖြစ်ပွားခဲ့တာဖြစ်ပြီြး ပစ်မှုကျူးလွန်သူသုံးဦးက အမှုဖြစ်တဲ့ ည ၈နာရီမှာပဲ ဖမ်းဆီးရမိတယ်လို့လည်းသိရပါတယ်။
ပြစ်မှုကျုးလွန်သူတွေဟာပုသိမ်မြို့မှာပဲနေထိုင်သူတွေဖြစ်ပြီး အောင်မြင့်မြတ်အသက်၂၀နှစ်အိမ်ကနေ ငွေကျပ် ၇သိန်း ကျော်သိမ်းဆည်းရမိပြီးအသက် ၂၀အရွယ်ရှိ ငြိမ်းချမ်းအောင်နေအိမ်ကနေ ငွေကျပ် ၄သိန်းနဲ့ အသက် ၁၃နှစ်အရွယ် ဝေဖြိုးအောင်အိမ်ကနေ ငွေကျပ်၎သိန်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ပြစ်မှုကျူးလွန်သူသုံးဦးကို စစ်ဆေးချက်အရ ခိုးယူထွက်ပြေးသွားခဲ့တဲ့ ဆိုင်ကယ်ကို ပုသိမ်တက္ကသိုလ်သွားတဲ့လမ်းဘေးညာဘက်ခြမ်းမှာဝှက်ထားခဲ့ပြီးသိမ်းဆည်းရမိတယ်လို့နယ်ထိန်းခေါင်းဆောင်ကပြောပါတယ်။
ပြစ်မှုကျုးလွန်တဲ့ သုံးဦးကို ပုသိမ်မြို့မရဲစခန်းက (ပ) ၁၃၆/၂၀၁၇ အများသူဌာ သွားလာတဲ့နေရာမှာ ခိုးယူထွက်ပြေးမှု ဥပဒေပုဒ်မ ၃၇၉/၁၁၄ နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။
Author နှင်းနှင်း
ငွေလုယူထွက်ပြေးသူတွေကိုဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ ၁၃နှစ်အရွယ်ယောင်္ကျားလေးတစ်ဦးကိုပါ ငွေတွေနဲ့အတူဖမ်းမိ
Reviewed by Unknown
on
7:30 AM
Rating:
Reviewed by Unknown
on
7:30 AM
Rating:


Post a Comment