Header AD

မန္တလေးတိုင်းအစိုးရအဖွဲ့ ဒေတာစင်တာ တည်ဆောက်ရန် ပြည်တွင်းကုမ္ပဏီတစ်ခု ကျပ်သိန်း ၂,၆၀၀ ကျော်ဖြင့် တင်ဒါအောင်

မန္တလေးတိုင်း အစိုးရ အဖွဲ့ လုပ်ငန်းဆောင်ရွက်မှုများ ကို e-Government စနစ်ဖြင့် အပြည့်အ၀ဆောင်ရွက်နိုင်ရန် ဒေတာစင်တာတစ်ခု တည်ဆောက် ရန်လိုအပ်သည့် ဟာ့ဒ်ဝဲပစ္စည်း များအတွက် တင်ဒါခေါ်ယူရာ ပြည်တွင်းနည်းပညာကုမ္ပဏီ PIC က ကျပ်သိန်း ၂,၆၀၀ ကျော်ဖြင့် တင်ဒါအောင်မြင်ခဲ့သည်။

 ‘ဒေတာစင်တာလုပ်ဖို့အ တွက် လိုအပ်တဲ့ ဟာ့ဒ်ဝဲပစ္စည်း တွေဝယ်ဖို့ ကုမ္ပဏီတစ်ခုကို တင် ဒါရွေးပြီးသွားပါပြီ။ စင်ကာပူက ပြန်လာတဲ့လူငယ်တွေ စုပေါင်းပြီး တည်ထောင်ထားတဲ့ PIC ကုမ္ပဏီ ကနေ တင်ဒါအောင်ခဲ့တာဖြစ်ပါ တယ်’’ဟု မန္တလေးတိုင်းအစိုးရအ ဖွဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။
ဒေတာစင်တာကို မန္တလေး တိုင်းလွှတ်တော်ရုံးဟောင်းတွင် တည်ဆောက်မည်ဖြစ်ပြီး တိုင်းအ စိုးရအဖွဲ့ အချက်အလက်များ အားလုံးကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည့် e-Mandalay Web Portal တစ်ခု တည်ဆောက် နေသဖြင့် e-Government ဌာနခွဲတစ်ခုကိုလည်း အဆိုပါ လွှတ်တော်ရုံးဟောင်းတွင် သီးခြားဖွဲ့စည်း ကာ ၀န်ထမ်းများ ခန့်အပ် တာဝန် ပေးမည်ဖြစ်ကြောင်း သိရသည်။
‘‘ဒေတာစင်တာကို လွှတ် တော်ရုံးဟောင်းမှာ နေရာရပြီဆို တာနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ စတင်မှာ ဖြစ်ပါတယ်။ e-Mand -alay Web Portal ကတော့ အသေးစိတ်အချက်အလက်တွေ မထည့်နိုင်သေးတဲ့အတွက် လာမယ့် မေလ(သို့မဟုတ်) ဇွန်လ လောက်မှပဲ မိတ်ဆက်နိုင်တော့ မှာ ဖြစ်ပါတယ်’’ဟု ဦးစိုင်းကျော် ဇောက ပြောသည်။
လက်ရှိတွင် e-Mandalay Web Portal ၌ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၊ မန္တလေးတိုင်းရဲ တပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့နှင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့မှ အချက်အလက်များကို ကနဦးအဆင့်အနေဖြင့် ဖော်ပြရန် စီစဉ်ထားပြီး ဒေတာ စင်တာတည်ဆောက်ပြီးပါက တိုင်းအစိုးရအဖွဲ့တစ်ခုလုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်မည်ဖြစ် သည်။
မန္တလေးတိုင်းအစိုးရအဖွဲ့ ဒေတာစင်တာ တည်ဆောက်ရန် ပြည်တွင်းကုမ္ပဏီတစ်ခု ကျပ်သိန်း ၂,၆၀၀ ကျော်ဖြင့် တင်ဒါအောင် မန္တလေးတိုင်းအစိုးရအဖွဲ့ ဒေတာစင်တာ တည်ဆောက်ရန် ပြည်တွင်းကုမ္ပဏီတစ်ခု ကျပ်သိန်း ၂,၆၀၀ ကျော်ဖြင့် တင်ဒါအောင် Reviewed by Unknown on 1:08 AM Rating: 5

Post AD