အချစ်ထဲက ပါဝင်ပစ္စည်းများ
အချစ်ဆိုတာ ချစ်နေရုံနဲ့ မပြီးသေးပါဘူး။ အချစ်တစ်ခု ဖြစ်ဖို့အတွက် တစ်ချို့သော အခြေခံလိုအပ်ချက်တွေ ရှိပါတယ်။
အချစ်ဆိုတာ ရင်ခုန်ခြင်းနဲ့ စတင်ပြီး အဲဒီ့အချစ် ဆက်လက်ရှင်သန်နိုင်ဖို့အတွက်ကျတော့ ပါဝင်ပစ္စည်းတစ်ချို့လိုပါတယ်။
.
(၁) နားလည်မှု

ကိုယ့်ချစ်သူက ဘယ်လိုလူမျိုးလဲဆိုတာ အရင်ဆုံး သိနားလည်ဖို့လိုပါတယ်။ ကိုယ့်ဖြစ်ချင်စိတ်ကြီး ဦးစားပေးနေရင်တော့ သင့်အချစ်ရေးဟာ
ချောမွေ့မှာ မဟုတ်ပါဘူး။ နောက်ပြီး သူ့ဘက်က အခြေအနေ၊ ကိုယ့်ဘက်ကအခြေအနေတွေအားလုံးကိုလည်း နားလည်သင့်ပါတယ်။
နားလည်မှုဆိုတာ မျက်လုံးမှိတ်ပြီး အလိုလိုက်တဲ့ အလျော့ပေးမှု မဟုတ်ပါဘူး။ နားလည်မှုဆိုတာ တန်ဖိုးကြီးပါတယ်။
.
(၂) သစ္စာတရား
လက်တွဲတွေ ခိုင်မြဲဖို့အတွက် အခြေခံအကျဆုံးကတော့ သစ္စာတရားပါပဲ။ သူ့ကိုတော့ ချစ်ပါတယ်လို့ တဖွဖွပြောနေပြီး သစ္စာတရားကိုမှ
မစောင့်ထိန်းနိုင်ရင် အဆင်မပြေနိုင်ပါဘူး။
.
(၃) လေးစားမှု
ယောက်ျားလေးကိုပဲဖြစ်ဖြစ်၊ မိန်းကလေးကိုပဲဖြစ်ဖြစ်။ ချစ်သူတွေဖြစ်လာကြပြီဆိုရင်တော့ အပြန်အလှန် လေးစားမှုရှိရပါမယ်။
သဘာထားချင်း မဆိုက်ဆိုင်တဲ့အချိန်မှာဆိုရင်တောင် လေးစားမှုရှိတဲ့စုံတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ စော်ကားလေ့မရှိပါဘူး။
ရန်ဖြစ်လို့ ကြမ်းတမ်းတဲ့စကားတွေ သုံးတယ်ဆိုတာ ရင်းနှီးမှုနဲ့မဆိုင်ပါဘူး။ လေးစားမှုနဲ့ပဲ ဆိုင်ပါတယ်။
.
(၄) စာနာထောက်ထားမှု။
လူဆိုတာ အမြဲတမ်း အောင်မြင်မနေနိုင်ပါဘူး။ ခက်ခဲနေတဲ့ အခိုက်အတန့်တွေမှာ ကိုယ့်ချစ်သူဆီက စာနာမှုကို လူတိုင်းလိုချင်ကြပါတယ်။
စာနာမှုဆိုတာ သနားကရုဏာသက်မှုနဲ့တော့ နည်းနည်းကွာပါတယ်။
.
(၅) ကြင်နာမှု
ချိုမြိန်တဲ့ အချစ်တစ်ခုဖြစ်ဖို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ကြင်နာယုယမှုတွေမပါဘဲ မဖြစ်နိုင်ပါဘူး။ အမှတ်တရလေးတွေ ဖန်တီးရင်း၊
ကြည်နူးစရာလေးတွေ မျှဝေရင်း.. အချစ်ဆိုတာ ပျော်စရာခံစားမှုတစ်ခုဆိုတာ သက်သေပြဖို့အတွက် ကြင်နာခြင်းတွေ လိုပါတယ်။
.
(၆) ကိုယ်ချင်းစာမှု
ကိုယ်တောင် သူ့ကို ဒီလိုတွေဖြစ်စေချင်ရင်.. သူလည်း ကိုယ့်ကို ဒါတွေဖြစ်စေချင်မှာပဲ ဆိုတဲ့စိတ်မျိုးတွေ။ ကိုယ်တောင် ဒီလိုခံစားရရင်
သူလည်း ဘယ်လိုခံစားရမလဲဆိုတဲ့ အတွေးမျိုးတွေ။ ဒီလိုကိုယ်ချင်းစာစိတ်လေးတွေက ချစ်သူတွေကြားမှာ လိုပါတယ်။
.
(၇) ခွင့်လွှတ်ခြင်း
လူဆိုတာ အမှားကျူးလွန်တတ်တဲ့ အမျိုဖြစ်တဲ့အတွက် ခွင့်လွှတ်ခြင်းနဲ့လည်း ကင်းကွာနေလို့ မရပါဘူး။ အမှားကိုသိပြီး အမှန်ပြင်ချင်တဲ့သူတွေအတွက်
ခွင့်လွှတ်ခြင်းဟာ ထိုက်တန်ပါတယ်။ ဒါပေမယ့် ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလို အမှားတွေကို ထပ်ကာထပ်ကာ ကျူးလွန်နေမယ်ဆိုရင်တော့
အဆင်မပြေနိုင်ပါဘူး။
.
(၈) မေတ္တာတရား
အရေးအကြီးဆုံး ပါဝင်ပစ္စည်းကတော့ မေတ္တာတရားပါပဲ။ မေတ္တာတရား အခြေခံမရှိရင် ကိုယ်ချင်တပ်မက်မှုတဲ့ အခြေခံတဲ့ ချစ်ခြင်း ဖြစ်သွားပါလိမ့်မယ်။
ကိုယ်ချစ်ရတဲ့ချစ်သူအပေါ် ရင်ခုန်သံတွေနဲ့ ချစ်ခြင်းတွေတင်မကပါဘူး။ အေးမြတဲ့ မေတ္တာတရားလည်း ပေးသင့်ပါတယ်။
ရွှေညာမောင်
credit......

Reviewed by Unknown
on
1:13 AM
Rating:
Reviewed by Unknown
on
1:13 AM
Rating:

Post a Comment