Header AD

ပြည်သူ့ရင်ပြင်ဈေးရောင်းပွဲတော်မှာ Emily အင်္ကျီတွေ ရောင်းနေတဲ့ အိ့မ်ချစ်

ထင်ထားတာထက် ပိုပြီး ရောင်းရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ပြမှာ ကျင်းပတဲ့ ဈေးရောင်းပွဲတော်မှာ အိမ့်ချစ်ကိုယ်တိုင်လည်း ပါဝင်နေပါတယ်။ သူမရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ Emily တံဆိပ် အင်္ကျီလေးတွေကို ရောင်းနေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
ဧပြီ(၁၈၊ ၁၉)ရက် နှစ်ရက်တိုင်တိုင် ကျင်းပတဲ့ အဲ့ဒီပွဲမှာ ညအထိ ရှိနေမယ်လို့ ပရိသတ်တွေကို ပြောထားပါတယ်။

အဲ့ဒီပွဲတော်မှာတော့ သူမရဲ့ Emily တံဆပ်အင်္ကျီလေးတွေကို အထူးလျော့ဈေးများနဲ့ ရောင်းချပေမယ်လို့ ဆိုပါတယ်။
"ဒီနေ့(၈.၄.၂၀၁၇)ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့  YGN fashion village ဈေးရောင်းပွဲတော်ကြီးမှာ ထင်ထားတာထက်ပိုပြီး အားပေးခဲ့ကြတဲ့ EMILY ရဲ့ ဝယ်သူအားပေးသူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။  မနက်ဖြန်(၉.၄.၂၀၁၇) တနင်္ဂနွေနေ့မှာလဲ တစ်နေ့လုံးည၁၀နာရီထိ အထူးလျော့ဈေးများနဲ့ရာင်းချပေးဦးမှာပါ။ လာရောက်အားပေးဖို့လဲ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်ရှင့်" လို့ ဧပြီ(၈)ရက်နေ့ ည(၁၁)နာရီက ရေးသားထားပါတယ်။

Emily တံဆိပ်နဲ့ မိန်းကလေးဝတ်အင်္ကျိများကတော့ သူမရဲ့ ပရိသတ်တွေကြား အကြိုက်တွေ့စေပါတယ်။  အိမ့်ချစ်ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးလည်း ဖြစ်ပါတယ်။
အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေးပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Photo : အိမ့်ချစ် ဖေ့စ်ဘွတ်

ပြည်သူ့ရင်ပြင်ဈေးရောင်းပွဲတော်မှာ Emily အင်္ကျီတွေ ရောင်းနေတဲ့ အိ့မ်ချစ် ပြည်သူ့ရင်ပြင်ဈေးရောင်းပွဲတော်မှာ Emily အင်္ကျီတွေ ရောင်းနေတဲ့ အိ့မ်ချစ် Reviewed by Unknown on 12:58 AM Rating: 5

Post AD