Header AD

မျက်စေ့လည်သွားအောင် လှည့်စားနိုင်တဲ့ မိတ်ကပ်ပညာရှင်

ဧပြီ ၁၉ – ဗန်ကူးဗားက မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် မီမီချွဲရဲ့ ထူးခြားလှတဲ့ မိတ်ကပ်အစွမ်းကြောင့် လူတွေက အစပိုင်းမှာ ဖိုတိုရှော့သုံးတယ်လို့ ထင်ခဲ့ကြပါတယ်။
ကျောင်းဆရာမဟောင်းတစ်ဦးဖြစ်တဲ့ ချွဲဟာ လွန်ခဲ့တဲ့ ၃ နှစ်ကမှ မိတ်ကပ်သင်ယူခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ အဲဒီနောက်ပိုင်း တော်တော်ခရီးရောက်ခဲ့ပြီး ဒီနေ့မှာတော့ သူ့မိတ်ကပ်စွမ်းရည်ဟာ မျက်စိကို လှည့်စားနိုင်တဲ့အထိ မြင့်မားနေပြီဖြစ်ပါတယ်။
“အခု ကျွန်မ မျက်စိလှည့်စားမှုတွေလုပ်ရင် ဘေးပတ်ဝန်းကျင်၊ ဓာတ်ပုံ၊ ပန်းချီနဲ့ စိတ်ခံစားမှုတွေကို အခြေခံပြီး တီထွင်ဆန်းသစ်ပါတယ်။ တခြားမိတ်ကပ်ပညာရှင်တွေကို သိပ်မကြည့်ဘူး။ ကျွန်မကိုယ်တိုင် မူလအရင်းခံတဲ့၊ ဘယ်သူနဲ့မှ မတူတဲ့ လက်ရာမျိုး ပေါ်ထွက်လာအောင် ကြိုးစားတယ်” လို့ ချွဲက အလူဝါးမဂ္ဂဇင်းကို ပြောပါတယ်။
မီမီချွဲရဲ့ အံ့သြစရာ မိတ်ကပ်စွမ်းရည်ကြောင့် အင်စတာဂရမ်မှာ သူ့ပရိသတ် ၁၄၀၀၀၀ ကျော်ရရှိနေပြီး သူလုပ်ရပ်ကို အွန်လိုင်းမှာ ချီးကျူးသူ သန်းပေါင်းများစွာ ရှိပါတယ်။ ဒါတောင် တချို့က သူဟာ ဖိုတိုရှော့ပ်လို ဓာတ်ပုံပြင်ဆင်တည်းဖြတ်ဆော့ဖ်ဝဲတွေ သုံးတယ်လို့ ထင်နေကြပါသေးတယ်။
ဒါပေမယ့် မိတ်ကပ်ပညာရှင်က သူဟာ ဖိုတိုရှော့ပ်လို အထောက်အကူပစ္စည်းတွေကို မသုံးဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ အဲဒီအစား သာမာန်မိတ်ကပ်တွေကို ဘရပ်ရှ်အမျိုးအစားစုံလင်စွာသုံးပြီး နာရီပေါင်းများစွာ ကြာအောင် ခြယ်သခဲ့တာလို့ ပြောပါတယ်။ ဥပမာ သူ့ရဲ့မျက်လုံးအများကြီးနဲ့ မျက်နှာဖြစ်အောင် အချိန် ၅ နာရီ အထိ ပြင်ဆင်ရတဲ့အတွက် မိတ်ကပ်လိမ်းရင်းနဲ့ တရေးအိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
စုပြည့်စုံ
ref: Odditycentral, Apr 19th
မျက်စေ့လည်သွားအောင် လှည့်စားနိုင်တဲ့ မိတ်ကပ်ပညာရှင် မျက်စေ့လည်သွားအောင် လှည့်စားနိုင်တဲ့ မိတ်ကပ်ပညာရှင် Reviewed by Unknown on 7:36 AM Rating: 5

Post AD