Header AD

မြောက်ကိုရီးယားစစ်ရေးပြအခမ်းအနားမှာ တရုတ်လုပ်ကုန်ကားတွေကိုအသုံးပြုထား

ဧပြီ ၁၈ – မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့အပတ်ကအကြီးအကျယ်ပြသခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ ဒုံးကျည်တွေ ကို ပြသဖို့အတွက် တရုတ်လုပ်ကုန်ကားတွေကိုအသုံးပြုခဲ့တာကို နိုင်ငံပိုင်မီဒီယာမှာဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေအရ သိရပြီး ဒါဟာ အထီးကျန် မြောက်ကိုရီးယားနိုင်ငံကို ကုလသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေချမှတ်ရာမှာ ခက်ခဲနေတာကို မီးမောင်းထိုးဖော်ပြလိုက်တာပဲဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကိုတည်ထောင်သူ ကင်အီဆွန်းရဲ့ ၁၀၅နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် စနေနေ့ စစ်ရေးပြပွဲမှာ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေပစ်ခတ်ရတဲ့ ပဲ့ထိန်းဒုံးကျည်(SLBM) ခြောက်စင်းကို ပထမဆုံးအကြိမ်အဖြစ်ပြသခဲ့ပါတယ်။ သည်ဒုံးကျည်တွေကို မြောက်ကိုရီးယားရေတပ်အလံ ပုံစံ ဆေးရောင်ခြယ် ထားတဲ့ သည်ကုန်တင်ကားကြီးတွေနောက်တွဲကနေတင်ဆောင်လာပါတယ်။ သည်ဓာတ်ပုံတွေထဲမှာ အဆိုပါ ယာဉ်တွေပေါ်မှာ တရုတ်လုပ်ငန်းဖြစ်တဲ့ စီနိုထရပ်ရဲ့အမှတ်တံဆိပ်ကိုမြင်တွေ့နိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း မြောက်ကိုရီးယားဟာ ရွေ့လျားအမြှောက်စနစ်အသစ်တစ်ရပ်ကိုထုတ်ဖော်ပြသဖို့ စီနိုထရပ်ရဲ့ ဟိုဝိုးကုန်ကားတွေကိုအသုံးပြုခဲ့တယ်လို့ ရိုက်တာသတင်းဌာနကတင်ပြခဲ့ပါတယ်။
စီနိုထရပ်အရောင်းတာဝန်ခံကလည်း ကုမ္ပဏီလုပ်သည်ကုန်ကားတွေကို သည်နှစ်စစ်ရေးပြပွဲမှာအသုံးပြုထားမှန်း သူ သတိမထားမိဘူးလို့ အင်္ဂါနေ့ကပြောပါတယ်။
‘ ကျွန်တော်သိသလောက်တော့ ပြီးခဲ့တဲ့နှစ်တည်းကစပြီးကျွန်တော်တို့ မြောက်ကိုရီးယားဈေးကွက်နဲ့ဘာအလုပ်မှ လုပ်မထားပါဘူး။ မြောက်ကိုရီးယားက ကျွန်တော်တို့ရဲ့အဓိကဖောက်သည်လည်းမဟုတ်ပါဘူး။ ကြည့်ရတာ ဟိုအရင်တုန်းက ကားတွေဖြစ်ပြီး သူတို့ပြန်ပြင်ထားတာဖြစ်နိုင်တယ်’ လို့ အဆိုပါအရာရှိကပြောပါတယ်။
သည်ကုန်ကားတွေနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသား လူကန်း ကလည်း တရုတ်နဲ့မြောက်ကိုရီးယားဟာ ပုံမှန်စီးပွားရေးလုပ်ငန်းစာချုပ်ချုပ်တာတွေအပါအ၀င် ပုံမှန်စာချုပ် ချုပ်ဆိုမှုတွေပဲရှိတယ်လို့ ပြောပါတယ်။
သူက ကုလလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့တရုတ်ဟာ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေ အပါအ၀င် နိုင်ငံတကာရဲ့တာဝန်ရှိမှုတွေကိုလည်း တင်းတင်းကျပ်ကျပ်လိုက်နာဆောင်ရွက်တယ်လို့ နေ့စဉ် အကျဉ်းရုံးသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
မြောက်ကိုရီးယားဟာ စနေနေ့စစ်ရေးပြအခမ်းအနားမှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အသစ် အမျိုးအစား နှစ်ခုကိုလည်း ထုတ်ဖော်ပြသခဲ့ပုံရပါတယ်။ ဒုံးကျည်တစ်စင်းကို လမ်းကြမ်းမောင်းကုန်ကားကြီး တစ်စီးပေါ်မှာ တပ်ဆင်ထားပြီး သည်ကားကြီးဟာ တရုတ်နိုင်ငံလုပ်ကုန်ကားအဖြစ် ကုလရဲ့အစောပိုင်း အစီရင်ခံစာတစ်စောင်ထဲမှာ ဖော်ပြထားပါတယ်။
သည် ICBM ထဲက ဒုတိမြောက်ဒုံးကျည်ကိုတော့ မြောက်ကိုရီးယားနိုင်ငံလုပ် စစ်တပ်ကုန်ကားပေါ်မှာ တပ်ဆင် ထားပြီး သည်ကုန်ကားရဲ့တာယာတွေကတော့ တရုတ်နိုင်ငံအခြေစိုက် တြိဂံအဖွဲ့လုပ်ငန်းထုတ် တာယာတွေ ဖြစ်တာကို ဓာတ်ပုံတွေမှာမြင်ရပါတယ်။
အရှေ့ပိုင်းရှန်းတုံပြည်နယ်က ဝေဟိုင်ဆိပ်ကမ်းမြို့မှာ တာယာတွေအဓိကထုတ်လုပ်တဲ့ သည်လုပ်ငန်းကြီး ကလည်း စစ်ရေးပြပွဲမှာ သူတို့တာယာတွေအသုံးပြုထားတာကို သတိမပြုမိတဲ့အကြောင်းနဲ့ မြောက်ကိုရီးယားဟာ သည်တာယာတွေကို အခြားတစ်နေရာရာကပြန်ရောင်းထားတာကိုဝယ်ယူထားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ချိုလေးငယ်
ref: Reuters. Apr 18, 2017
မြောက်ကိုရီးယားစစ်ရေးပြအခမ်းအနားမှာ တရုတ်လုပ်ကုန်ကားတွေကိုအသုံးပြုထား မြောက်ကိုရီးယားစစ်ရေးပြအခမ်းအနားမှာ တရုတ်လုပ်ကုန်ကားတွေကိုအသုံးပြုထား Reviewed by Unknown on 7:37 AM Rating: 5

Post AD