Header AD

ဘယ်သူပိုခိုးတတ်သလဲ

ဆရာဝန်နဲ့ အင်ဂျင်နီယာ သူငယ်ချင်း နှစ်ယောက် စတိုးဆိုင်ထဲကို ဝင်သွားပါတယ်။ ဆိုင်ကထွက်လာတော့ ဆရာဝန်က အင်ဂျင်နီယာကို ယခုလိုပြောပါတယ်။ဟေ့ကောင် ဒီမှာ ငါ့အိတ်ကပ်ထဲက ချောကလက် ၃ ချောင်း။ မင်းငါ့လို ခိုးနိုင်လား၊ ငဲငဲ” ဒီတော့ အင်ဂျင်နီယာက – “အဲ့ထက် ကောင်းတဲ့ ခိုးနည်းတွေရှိပါတယ်ကွာ။ မင်းမြင်ချင်လား။ စတိုးဆိုင် ပြန်လိုက်ခဲ့” ဒီတော့ နှစ်ယောက်သား စတိုးဆိုင်ထဲရောက်သွားပြီး ကောင်တာက လူငယ်လေးကို အင်ဂျင်နီယာက ယခုလို ပြောပါတယ်။ “ညီလေး။ အကိုမင်းကို မျက်လှည့်ပြရင် ကြည့်မလား” ဒီတော့ ကောင်တာမှ လူငယ်ကလည်း “အင်း. ကြည့်မယ်လေ”
အင်ဂျင်နီယာက ချောကလက်တစ်ချောင်း တောင်းပါတယ်။ လူငယ်က လည်း ပေးလိုက်ပါတယ်။ သူ့ရှေ့ မှာပဲ အခွံခွာ ထုတ်စားပြီး နောက် တစ်ချောင်း ထပ်တောင်းပါတယ်။ ပြီးတော့ နောက် တစ်ချောင်းတောင်းပြီး လူငယ်ရှေ့ မှာပဲ ကုန်အောင် စားပစ် ပါတယ်။ ပြီးတော့ မင်သက်စွာ ကြည့်နေတဲ့ လူငယ်လေးကို အင်ဂျင်နီယာက ယခုလို မေးပါတယ်။ “အကို စားခဲ့တဲ့ ချောကလက်သုံး ချောင်း ဘယ်ရောက်သွားလဲသိချင်လား” လူငယ်က ဟုတ်ကဲ့လို့ ဖြေတော့ အင်ဂျင်နီယာက အောက်ပါအတိုင်း ဖြေပါတယ်။ “အင်း ဘေးက အကို့သူငယ်ချင်း အိတ်ကပ်ထဲမှာ ရှိတယ်” 
Thanks for reading!

Credit…………..
ဘယ်သူပိုခိုးတတ်သလဲ ဘယ်သူပိုခိုးတတ်သလဲ Reviewed by Unknown on 10:03 AM Rating: 5

Post AD