Header AD

ကမ္ဘာ့တန်ဖိုးအကြီးဆုံး လေယာဉ်တင်သင်္ဘောကိုအမေရိကန် ရေချစမ်းသပ်မောင်းနှင်ခဲ့


April 10 ရက်နေ့က ပေါင် ၁၀ ဘီလီယံ တန်ကြေးရှိတဲ့ အမေရိကန် လေယာဉ်တင်သဘောင်္ဖြစ်တဲ့ Gerald R. Ford (CVN-78)ကိုပြီးခဲ့တဲ့ စနေနေ့က ဗာဂျီးနီးယား ကမ်းခြေမှ စတင်မောင်းနှင်ခဲ့ပါတယ်။Gerald R. Ford  လေယာဉ်တင်သဘောင်္ဟာ ၃၈ ယောက်မြောက် အမေရိကန် သမ္မတ ဂျီရယ် အာ ဖို့ ( Gerald R. Ford) ကို အစွဲပြုပြီး နာမည်ပေးထားတာ ဖြစ်ပြီးတော့ (CVN-78) ကတော့ အမေရိကန် ရေတပ် လေယာဉ်တင် သဘောင်္အုပ်စုထဲမှာ နောက်ဆုံးထုတ်လုပ်ထားတဲ့ သဘောင်္ဖြစ်ပါတယ်။
CVN ကတော့ aircraft carrier (nuclear propulsion) နူကလီးယား စွမ်းအင်နဲ့ မောင်းနှင်တဲ့ လေယာဉ်တင်သဘောင်္အတန်းအစား ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

အမေရိကန် ရေတပ်က Gerald R. Ford (CVN-78) ကို ၂၀၀၉ ခုနှစ်မှာ ပေါင် ၈.၄ ဘီလီယံနဲ့ စတင်ဆောက်လုပ်ဖို့ ဗာဂျီးနီးယား ပြည်နယ်မှာရှိတဲ့  Northrop Grumman Shipbuilding သဘောင်္ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ စာချူပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး စစ်သဘောင်္ကို ၂၀၁၅ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ နည်းပညာ အသစ်တွေကြောင့် ၂၀၁၇ ဧပြီလမှ ကုန်ကျငွေ ပေါင် ၁၀ ဘီလီယံနဲ့ အပြီး သတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Northrop Grumman Shipbuilding သဘောင်္ဆောက်လုပ်ရေး ကုမ္ပဏီကတော့  Gerald R. Ford (CVN-78) သဘောင်္မှာ နောက်ဆုံးပေါ် နည်းပညာများနဲ့ လေယာဉ်များအတက်အဆင်း ပြုလုပ်ခြင်းဆိုင်ရာပစ္စည်းများနဲ့ နူကလိယ ဓာတ်ပေါင်းဖိုများ တပ်ဆင်ရခြင်းကြောင့် အချိန် ပိုယူခဲ့တာ ဖြစ်တယ် လို့ဆိုခဲ့ပါတယ်။ Gerald R. Ford (CVN-78) သဘောင်္ဟာ တန်ချိန် ၁ သိန်းရှိပြီး ကုန်းပါတ်အကျယ်အ၀န်း ၅ ဧက၊၀န်ထမ်းပေါင်း ၄၆၆၀ နဲ့ လေယာဉ် ၇၅ စီးခန့်ကို တင်ဆောင်နိုင်တယ် လို့သိရပါတယ်။
နူကလီယား ဓာတ်ပေါင်းဖို ၂ ခုပါဝင်ပြီး တစ်နာရီကို ၃၄ မိုင်အထိ မောင်းနှင်နိုင်တယ် လို့သိရပါတယ်။သဘောင်္ ကိုယ်ထည်အရှည်ကတော့ ပေ ၁၁၀၆ ပေရှိပြီး တစ်နေ့ကို လေကြောင်းတိုက်ခိုက်မှု ၂၂၀ ခန့်လွှတ်တင်နိုင်တယ် လို့သိရပါတယ်။ဒါ့အပြင် သဘောင်္ကို  ရန်သူ ရေဒါများ ခြေရာမခံနိုင်ဘူးလို့လည်း သိရပါတယ်။
Ref : The Sun


ကမ္ဘာ့တန်ဖိုးအကြီးဆုံး လေယာဉ်တင်သင်္ဘောကိုအမေရိကန် ရေချစမ်းသပ်မောင်းနှင်ခဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး လေယာဉ်တင်သင်္ဘောကိုအမေရိကန် ရေချစမ်းသပ်မောင်းနှင်ခဲ့ Reviewed by Unknown on 10:16 AM Rating: 5

Post AD