နာမည်ကြီးနေတဲ့ YBS ယာဉ်မောင်းနဲ့ ဇနီး ရဲစခန်းရောက်တော့ (ရုပ်သံ)
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မှာ ကားမောင်းပြည်သူတစ်ယောက်နဲ့ YBS ကားသမားတစ်ယောက် လမ်းပေါ်ရန်ဖြစ်ရာမှ ရဲကိုအကူအညီတောင်းပြီး YBS ကားမောင်းသမားကိုရော သူ့မိန်းမကိုပါ ဖမ်းစီးအရေးလိုက်တဲ့ ရုပ်သံဖိုင် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့ပါတယ်။
YBS ယာဉ်မောင်း နဲ့ သူ့ဇနီးကို ရဲ့တွေက စခန်းမှာ သွားရှင်းဖို့ ခေါ်သွားခဲ့ပါတယ်။ စခန်းရောက်တော့ ဆဲဆိုခံထားရတဲ့ အမတစ်ယောက်နဲ့ ရှင်းကြပါတယ်။ အဲ့မှာလဲ သက်သေအဖြစ် Facebook like လွှင့်ပြီး ရှင်းခဲ့ပါတယ်။
“YBSကားကြီးမောင်းတယ်ဆိုပြီး ကားသေးလေးတွေအမြဲအနိုင်ယူ စည်းကမ်းမရှိမောင်းတဲ့ယာဉ်မောင်းများကို ရည်ရွယ်ပါတယ်။ သူတစ်ပါးကိုဆဲဆိုပြော မောင်းချင်တိုင်မောင်းရမ်းကားပြီး စခန်းရောက်မှ မိန်းမကလည်း ဗိုက်ကြီးနဲ့ကလေး၎ယောက်ဒုက္ခရောက်မှငိုယိုပြကြတယ်။ လင်နဲ့အပြိုင်ရိုင်းတယ်။ မိန်းကလေးတွေက ရှက်တတ်ကြောက်တတ်တယ် ဆိုပြီး
မိန်းကလေး မောင်းရင်ပိုရိုင်းတယ်။ ကိုယ်ကရိုင်း အနိုင်ယူရင် ပြန်ပေးဆပ်မှုဆိုတာရှိရမယ်။ အခါသင်္ကြန်ရက်ဖြစ်လို့ဒီလောက်နဲ့ဘဲသည်ခံခဲ့တာ။ ငါတို့မောင်းချင်တိုင်းမောင်းဆဲ ချင်တိုင်ဆဲလို့ မရဘူးဆိုတာ သိအောင်နမူနာပေးရုံပေးခဲ့တာ။ အစစအရာရာ ကူညီပေးတဲ့လမ်းမတော်ရဲစခန်းမှ စခန်းမှုးနဲ့ရဲဝန်ထမ်းအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။” လို့ရေးပြီး live video တစ်ခုတင်ခဲ့ပါတယ်။
အောက်ဆုံးမှာ လွှင့်ထားတဲ့ ရုပ်သံဖိုင်ကိုပါ တွဲတင်ပေးလိုက်ပါတယ်။ ဘာဘဲပြောပြော ဒါမဟုတ်မခံ တရားသောနည်းအတိုင်းလုပ်တဲ့အတွက် သင်ယူစရာရှိတာ သင်ယူရမှာပေါ့။ အားလုံလဲကြည့်ပြီး စံပြတစ်ခုအနေနဲ့ ယူနိုင်ကြပါတယ်။ ကိုယ်ခံရတဲ့အချိန်ကြရင်လဲ ဒီလို ဆိုင်ရာရဲတွေနဲ့ ဖြေရှင်းတာ ကောင်းပါတယ်။
Credit & Source: Myat Thazin Facebook
ရဲစခန်းမရောက်ခင် အဖြစ်အပြတ်လေးကို မကြည့်ရသေးသူများ အောက်ပါ Link ကလေး ၀င်ကြည့်နိုင်ပါတယ်။
>>>http://www.saingpyin.com/2017/04/ybs-driver.html<<<

Reviewed by Unknown
on
8:23 PM
Rating:
Reviewed by Unknown
on
8:23 PM
Rating:

Post a Comment