Header AD

နာမည်ကြီးနေတဲ့ YBS driver ရော သူ့မိန်းမပါ အရေးယူ ဖမ်းစီးလိုက်တဲ့ ရုပ်သံ


ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မှာ ကားမောင်းပြည်သူတစ်ယောက်နဲ့ YBS ကားသမားတစ်ယောက် လမ်းပေါ်ရန်ဖြစ်ရာမှ ရဲကိုအကူအညီတောင်းပြီး YBS ကားမောင်းသမားကိုရော သူ့မိန်းမကိုပါ ဖမ်းစီးအရေးလိုက်တဲ့ ရုပ်သံဖိုင် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့ပါတယ်။

“၃၉ယာဉ်လိုင်း YBS ကားသမားရိုင်ဆိုင်စွာဆဲလို့ လမ်းမတော်ရဲစခန်းမှချက်ချင်ကူညီလိုက်ဖမ်းပေးသည်” ခေါင်းစဉ်နဲ့ Facebook live လွှင့်ကာ တင်ပြခဲ့ပါတယ်။
“သူလမ်းတောင်းတာမပေးလို့လိုက်တိုက်ပြီးဆဲတာ ဂိတ်လိုက်တိုင်းတာ ဘယ်သူမှမရှိဘူး ကားပေါ် ကပြေးဆင်လာပြီး၊ လင်မယား၂ယောက်လုံးဆဲတာ။ သတ်မယ်နဲ့ကြောက်တတ်ရင်နင်တို့နောက်တစ်ယောက်ထဲ လိုက်မလာဘူးလို့ လမ်းမတော်ရဲစခန်းက ချက်ချင်းလိုက်ဖမ်းပေးတယ်။ အရမ်းတော်ကြတယ်။” ဟု ရုပ်သံတင်တဲ့သူ ပြောသွားပါတယ်။
ပြည်သူတွေကတော့ ခံရပါများတော့ ဒီလိုလုပ်ရပ်မျိုးကို ကြိုက်နှစ်သက်ကြတယ်။ များသောအားဖြင့် ဘယ်သူကမှ အရေးမလုပ်တော့ လိုင်းကားမောင်းသမားတွေလဲ လုပ်ချင်ရာလုပ်ကြတတ်ပါတယ်။
ဒီလိုမျိုးတိုင်းကြားအရေးယူပြတာ စံပြတစ်ခုလို့တော့ မြင်ပါတယ်။ နောက်နောင်ဒီလိုကိစ္စမျိုးဖြစ်ရင်လဲ ဒီလိုမျိုးနည်းနဲ့ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။ ဒီလိုမှ နောက်နောင် လိုင်းကားကောင်းကောင်းမောင်းကြမှာဖြစ်ပါတယ်။
ရုပ်သံဖိုင် အပြည့်အစုံကို အောက်တွင် တွဲတင်ပေးထားပါတယ်။ လွှတ်လပ်စွာ သုံးသပ်ပြောကြားနိုင်ပါတယ်။

Video Credit: Myat Thazin Facebook

နာမည်ကြီးနေတဲ့ YBS driver ရော သူ့မိန်းမပါ အရေးယူ ဖမ်းစီးလိုက်တဲ့ ရုပ်သံ နာမည်ကြီးနေတဲ့ YBS driver ရော သူ့မိန်းမပါ အရေးယူ ဖမ်းစီးလိုက်တဲ့ ရုပ်သံ Reviewed by Unknown on 8:16 PM Rating: 5

Post AD