ဆုကြေး သိန်း ၁၀ဝ၀ နဲ့ အတူ ကမ္ဘာ့အဆိုရှင် ဖြစ်လာမယ့် Galaxy Star Myanmar 2017 ပြိုင်ပွဲကြီး
အူရီဒူးမြန်မာက အဓိက ပံ့ပိုးမယ့် Galaxy Star Myanmar 2017 ပြိုင်ပွဲဟာ ကမ္ဘာကျော် အဆိုရှင်ဖြစ်ဖို့ အခွင့်အရေးရမယ့်အပြင် ဆုကြေးသိန်းတစ်ထောင်ရရှိမယ့် ပြိုင်ပွဲကြီး ဖြစ်ပါတယ်။
Galaxy Star Myanmar 2017 အစီအစဉ်မှာ အရည်အသွေး ပြည့်ဝတဲ့ အဆိုရှင်ကို ရှာဖွေဖို့အတွက် ပဏာမ အသံစစ်ဆေး တာ (Local Challenge) ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မြန်မာနိုင်ငံတစ်ဝန်းက မြို့ ၁၅ မြို့ မှာ စတင်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
Premier Challenge” အဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် ပြိုင်ပွဲဝင်အဆိုရှင် ၁၇၈ ယောက်ကို ရွေးချယ်ခဲ့ကြောင်း သိရပါ တယ်။ နောက်ပြီး အရည်အသွေး ပြည့်တဲ့ ပြိုင်ပွဲဝင်အဆိုရှင်တွေအနေနဲ့ “Premier Challenge”အဆင့်ကနေ “Galaxy Camp” အဆင့်ကို ရောက်ရှိပြီး အရည်အသွေး ပိုမိုကောင်းမွန်စေဖို့ လေ့ကျင့်သင်ကြားမှုတွေကိုပါ ရရှိစေမှာ ဖြစ်ပါ တယ်။
အဆိုပါ အဆင့်မှာတော့ ပြိုင်ပွဲဝင်အဆိုရှင် တစ်ဦးချင်း ဒါမှမဟုတ် အုပ်စုလိုက် ပါဝင်ယှဉ်ပြိုင်တဲ့ အဆိုရှင် ၁၂ ဖွဲ့ကို တောင်ကို ရီး ယားနိုင်ငံ အီလ်ဆန်မှာရှိတဲ့ ကေ ပေါ့သင်တန်းကျောင်းမှာ သီချင်းဆိုခြင်းအတတ်ပညာ၊ ကခုန်ခြင်း အတတ်ပညာ၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်ပြောဆိုမှု လေ့ကျင့်သင် ကြားမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါ တယ်။
လေ့ကျင့်သင်ကြားမှုတွေကို အပြည့်အဝ ရရှိပြီးတဲ့ အခါမှာ တော့ မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြိုင်ပွဲဝင် အဆိုရှင် ၁၀ ဖွဲ့က နောက် ဆုံးအဆင့်ပြိုင်ပွဲဖြစ်တဲ့ ”Dream League” ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
ထူးချွန်စွာနဲ့ အနိုင်ရရှိသူကို တော့ ကျပ်သိန်း ၁၀ဝ၀ ချီးမြှင့်မည့် အပြင် ကမ္ဘာမှာ ကျော်ကြားတဲ့ အဆိုရှင်ဖြစ်ဖို့ အတွက် ကေပေါ့ထုတ်လုပ်ရေးအဖွဲ့က သီချင်းအယ်လ် ဘမ်တစ်ခု ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဧပြီ ၇ ရက် နေ့ ည ၉း၁၅ နာရီမှာ MRTV-4 က နေ စတင်ပြသမယ့် Galaxy Star Myanmar 2017 အစီအစဉ် ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ အထိ သောကြာနေ့တိုင်းမှာ ပြသပေးသွား မှာ ဖြစ်သလို မိမိနှစ်သက်တဲ့ အဆိုရှင်ကိုလည်း အူရီဒူးမြန်မာရဲ့ ဆက် သွယ်ရေးဝန်ဆောင်မှုကို အသုံးပြု ပြီး SMS ပေး ပို့တာနဲ့ vote ပေးနိုင်မှာ ဖြစ်ပါတယ်။
Source : Kumudra

Reviewed by Unknown
on
12:57 PM
Rating:
Reviewed by Unknown
on
12:57 PM
Rating:

Post a Comment