စတော့ဟုမ်းမြို့မှာ ဘီယာထရပ်ကားက ကုန်တိုက်ထဲမောင်းဝင်လို့ လူနှစ်ဦးထက်မနည်းသေဆုံး
ဧပြီ-၇ – ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့လယ်ရှိ ကုန်တိုက်ကြီးတစ်ခုထဲကို ဘီယာထရပ်ကားတစ်စီးက မောင်းနှင်ဝင် တိုက်ခဲ့တာကြောင့် လူသေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
ကားပိုင်ရှင်ဖြစ်တဲ့ ဆွီဒင်ရဲ့ Spendrups ဘီယာကုမ္ပဏီကတော့ ၎င်းရဲ့ထရပ်ကားဟာ သောကြာနေ့ အစောပိုင်းမှာ လုယူခံခဲ့ရတာဖြစ်တယ်လို့ပြောခဲ့ကြောင်း The Aftonbladet သတင်းစာက ဖော်ပြခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ Ahlens ကုန်တိုက်မှာ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဆွီဒင် SVT သတင်းက ပြောခဲ့ပေမယ့် ဘယ်သူကပစ်ခဲ့လဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။
သည်ယာဉ်တိုက်မှုဟာ လူနှစ်ဦးထက်မနည်းသေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုလုပ်ရပ်ဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ် စတက်ဖန်လော့ဗန် ကပြောပါတယ်။ သည်တိုက်ခိုက်မှုအတွက် လူတစ်ဦးကို ဖမ်းမိထားတယ်လို့ သူက ပြောပါတယ်။
သည်ဖြစ်ရပ်မှာ လူငါးဦးအထိ သေဆုံးခဲ့တယ်လို့ ဆွီဒင်မီဒီယာတွေက ဖော်ပြခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများတယ်လို့ ဆွီဒင် ထောက်လှမ်းရေးဌာနက ပြောပါတယ်။
ဆွီဒင်ရေဒီယိုသတင်းတွေကတော့ လူသုံးဦီးထက်မနည်းသေဆုံးတယ်လို့ ထုတ်လွှင့်နေပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် စတော့ဟုမ်းမြို့လယ် Sergels Torg square တဝိုက်ကနေ ရှောင်နေကြဖို့ ရဲတွေက သတိပေးတိုက်တွန်းခဲ့ပြီး ၎င်းဧရိယာအတွင်းမှ မြေအောက်ရထားလမ်းတွေကို ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
သည့်မတိုင်ခင် ဆွီဒင်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကတော့ ၂၀၁၀ ဒီဇင်ဘာ၁၁ရက်က စတော့ဟုမ်းမှာပဲ အီရတ်နိုင်ငံဖွား ဆွီဒင်နိုင်ငံသား အဗ္ဗဒူဝါဟတ်အယ်အပ်ဒလီ က ဗုံးနှစ်လုံးကိုအသေခံဖောက်ခွဲခဲ့တဲ့ဖြစ်ရပ် ဖြစ်ပါတယ်။
Ref:AP, Apr-7,2017
YSD
စတော့ဟုမ်းမြို့မှာ ဘီယာထရပ်ကားက ကုန်တိုက်ထဲမောင်းဝင်လို့ လူနှစ်ဦးထက်မနည်းသေဆုံး
Reviewed by Unknown
on
1:22 PM
Rating:
Reviewed by Unknown
on
1:22 PM
Rating:



Post a Comment