Header AD

မြန်မာရေတပ် ရဲ့  ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက်ဖရီးဂိတ် စစ်ရေယာဉ် F12 ရေချပြီ


ကျန်စစ်သား ဖရီးဂိတ်စစ်ရေယာဉ်ကြီးအား ရေချနေစဉ်(အဆင့်ဆင့်)
ကျန်စစ်သား စစ်ရေယာဉ် အား ရေချသည့်သတင်းနှင့်အတူ နောက်ထပ်မျှော်လင့်စရာ ဂုဏ်ယူစရာ တတိယမြောက် ဖရီး ဂိတ်စစ်ရေယာဉ် (ယခုရေချသည့် ကျန်စစ်သားစစ်ရေယာဉ်နှင့် အနီးစပ်ဆုံးဖြစ်ဖွယ်ရှိပါသည်။)

ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ်တည်ဆောက်နိုင်ရေး ဆိုသည်မှာ အပြောလွယ်တလောက် လက်တွေ့တွင် အတော်ခ က်ခဲသော အလုပ်တစ်ခုဖြစ်ပါသည်။ တပ်မတော် (ရေ)၏ အသစ်စက်စက် ဖရီးဂိတ်ကြီးသည် ယခုအခါတွင် ရေချနိုင်ခဲ့ပြီ ဖြစ်ရာ မကြာမှီအချိန်အတွင်းတွင်ပင် ရေတပ်တာဝန်များ ထမ်းဆောင်နိုင်တော့မည်ဆိုသည်မှာ သေချာနေပြီဖြစ်ပါသည်။
မြန်မာ့ရေတပ်၏ ရေချနိုင်ခဲ့ပြီဖြစ်သည့် ကျန်စစ်သား ဖရီးဂိတ်စစ်ရေယာဉ်ကြီးသည် ကိုယ်ပျောက်စစ်ရေယာဉ်ကြီး တစ်စ င်းဖြစ်ကာ နိုင်ငံတကာ (အထူးသဖြင့် ဒေသတွင်းနိုင်ငံများ)၏ စိတ်ဝင်စားမှု ကို အပြည့်အဝရရှိခဲ့သော စစ်ရေယာဉ်တစ် စင်းဖြစ်ပါသည်။
ရေချပြီး ကျန်စစ်သားစစ်ရေယာဉ်ကြီး
ခေတ်မှီနည်းပညာများကို ပေါင်းစပ်ထည့်သွင်းသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း အာရှ၏ဖွံဖြိုးမှုအားကောင်းသော နိုင်ငံတစ်နိုင်ငံမှ နည်းပညာ အကူအညီများရရှိခဲ့ပြီးဖြစ်ကာ ယခင်စစ်ရေယာဉ်များထက်ပင် စွမ်းဆောင်ရည်မြှင့်မှားမည်ဟု သိရပါသည်။ ထိုပြင်ခေတ်မှီလက်နက်စနစ်များ တပ်ဆင်ထားမည်ဟု သိရပါသည်။
မြန်မာ့ရေပြင်အား ကာကွယ်ပေးမည့် စစ်ရေယာဉ်ကြီး တစ်စင်းထပ်မံ၍ ရေချနိုင်ခဲ့ပြီဖြစ်ရာ မြန်မာ့ရေပြင်ပိုင်နက်အား ကာ ကွယ်ပေးမည့် တပ်မတော် (ရေ)အတွက်သာမက မြန်မာပြည်သူတရပ်လုံးအတွက်ပင် အားထားဖွယ်ရာ ဖရီးဂိတ်စ စ်ရေ ယာဉ် F12 ကျန်စစ်သားစစ်ရေယာဉ်ကြီးပင် ဖြစ်ပါတော့သည်ခင်ဗျာ….။
မြန်မာ့တပ်မတော် (ရေ) ရဲ့ မကြာသေးခင်ကမှ တပ်တော်ဝင်ထားတဲ့ စစ်ရေယာဉ် ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စ စ်ရေယာဉ်ရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်…
မြန်မာ့ရေတပ်အနေနဲ့ ၂၀၀၉ခုနှစ်နှောင်းပိုင်းမှစတင်ကာ စစ်ရေယာဉ်အသစ်များ ဝယ်ယူခြင်း၊ ပြည်တွင်းတွင်ပင် တည်ေ ဆာက်ခြင်းများ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွှက်ခဲ့ကြပါတယ်…။
၅စီး၇ီးလို့ လူသိများတဲ့ ၅၅၁မှသည် ၅၇၀ အထိသော အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များ၊ ကိုယ်ပျောက်နည်းပညာသုံး ၄၉၁၊၄၉၂ အမြန်သွားတိုက်ခိုက်ရေးယာဉ်များ၊ ၇၇စီးရီးမှ ၇၇၃ကဲ့သို့သော ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ်များ၊ များပြားလှစွာသော ကမ်းထိုးရေယာဉ်များ၊ မြစ်တွင်းသွား OPV စစ်ရေယာဉ်များ ၊ ဆရာရှမ်းကဲ့သို့သော ပင်လယ်ပြင် ရေယာဉ်ပြင်ဆင်ရေးယာဉ်များ နဲ့အတူ ရေတပ်ရဲ့ ဂုဏ်ယူဖွယ်ရာ စစ်ရေယာဉ်ကြီးများဖြစ်တဲ့ F11 အောင်ဇေယျ ၊ F12 ကျန်စစ်သား ကိုယ်ပျောက်ဖရီးဂိတ် စစ်ရေယာဉ် နှင့် F14 ပင်လယ်ပြင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ဖရီးဂိတ် စစ်ရေယာဉ်ကြီးများကို ပိုင်ဆိုင်နိုင်လာခဲ့ပြီ ဖြစ်ပါတယ်….။
ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက်ဖရီးဂိတ် စစ်ရေယာဉ်ကြီး
အဆိုပါ စစ်ရေယာဉ်များအနက် စိတ်ဝင်စားမှုအများဆုံးရထားတဲ့ ကျန်စစ်သားဖရီးဂိတ်ဟာဆိုရင် ရေတပ်ရဲ့ ပထမဆုံးေ သာ ကိုယ်ပျောက်နည်းပညာသုံး ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်ကြီးဖြစ်ပြီးတော့ တပ်ဆင်ထားတဲ့ လက်နက်စနစ်များဟာ လည်း အလွန်အဆင့်မြင့်တာကိုတွေ့ရပါတယ်….။
လက်နက်စနစ်အချို့ကိုဖော်ပြပေးပါ့မယ်…
ပင်မလက်နက်စနစ်…… ၇၆မမ အမြောက် အခြားလက်နက်စနစ်များ….. အေကေ၆၃၀ မြန်နှုန်းမြင့်အမြောက် x ၃လက်
Igla-S တာတိုလေကြောင်းရန် ကာကွယ်ရေးဒုံးစနစ် …C-802A သင်္ဘောဖျက် ဒုံး ၈ စင်း ရေငုပ်သင်္ဘောတိုက်ဖျ က်ေ ရး ဗုံးစနစ်များ ..ရေငုပ်သင်္ဘောဖျက် ပေါက်ကွဲအားပြင်း ဗုံးများ .. Flare စနစ်များ .. အီလက်ထရောနစ် စနစ်များ… တာဝေးထောက်လှမ်းနိုင်သော ရေဒါစနစ်ကြီး ပင်လယ်ပြင် ကင်းလှည့် မောင်းသူမဲ့ စပိဘုတ် ၁ စင်း ရေတပ်သုံး စစ်ရ ဟတ်ယာဉ် ၁ စင်း နဲ့အတူ လျို့ဝှက်ထားသော စနစ်များ ပါဝင်ပါတယ်…။
၇၆မမ ဘက်စုံသုံး အမြောက်ဖြင့် လေ့ကျင့်ခြင်း
C-802A x 4 ရေပြင်မှရေပြင်ပစ် ပဲ့ထိန်းဒုံးများ
ရေငုပ်သင်္ဘောဖျက် ဗုံးများ ပစ်ခတ်ခြင်း
Flare ပစ်ခတ်ခြင်း
မောင်းသူမဲ့ ရေယာဉ်ငယ် နဲ့ ပေါက်ကွဲအားပြင်း ရေငုပ်သင်္ဘောဖျက်ဗုံး
ယူရိုကော်ပတာ ရဟတ်ယာဉ်ဖြင့် လေ့ကျင့်ခြင်း
ကျန်စစ်သား စစ်ရေယာဉ်ရဲ့ ထူးခြားချက်ကတော့ ပထမဆုံးသော ကိုယ်ပျောက်ဖရီးဂိတ်ဖြစ်သကဲ့သို့ ပင်လယ်ပြင် ကင်းလှည့်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွှက်နိုင်ခြင်း၊ ရန်သူ့ရေငုပ်သင်္ဘောများ ရှာဖွေဖျက်ဆီးခြင်းစသည့် အစွမ်းများပိုင်ဆိုင်ထားတဲ့ အနောက်နိုင်ငံထုတ် ရဟတ်ယာဉ်တစ်စီး တင်ဆောင်ကာ တာဝန်ထမ်းဆောင်လာခြင်း ဖြစ်ပါတယ်….။ ရေတပ်အနေနဲ့ အရင်က အင်းစီးရီး ရေယာဉ်များအပေါ် အမ်အိုင်-၂ အပေါ့စားရဟတ်ယာဉ်များ တင်ဆောင်နိုင်ခဲ့သော်လည်း ယနေ့ခေတ်အနေနဲ့ အဆိုပါ ရဟတ်ယာဉ်များဟာ အဆင်မပြေမှုများရှိလာခဲ့ပါတယ်…။
by sunhit

မြန်မာရေတပ် ရဲ့  ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက်ဖရီးဂိတ် စစ်ရေယာဉ် F12 ရေချပြီ မြန်မာရေတပ် ရဲ့  ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက်ဖရီးဂိတ် စစ်ရေယာဉ် F12 ရေချပြီ Reviewed by Unknown on 10:59 PM Rating: 5

Post AD