Header AD

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပိတောက်ရွှေဝါဖူးမဏ္ဍပ် ပြိုကျမှုဖြစ်



ရန်ကုန်၊ ဧပြီ ၁၆

၁၅.၄.၂၀၁၇ ရက်နေ့ ၁၈၄၅ အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက်၊ ပဲခူးမြစ်လမ်းနှင့် ကျွန်းရွှေဝါလမ်းမကြီးဘေးရှိ ပိတောက်ရွှေဝါဖူးမဏ္ဍပ် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။



ယင်းသို့ ဖြစ်ပွားစဉ် ၎င်းမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီ ကိုယ်စားပြုအဖွဲ့မှ ယိမ်းအကဖြင့်ဖျော်ဖြေနေစဉ် ဖြစ်ပြီး ၎င်းမဏ္ဍပ်၏ ယာဘက်ခြမ်းရှိ သံစင်မြင့် ၁၀ ပေပတ်လည်ခန့်ပြိုဆင်းသွားခဲ့ခြင်းဖြစ်ကာ မဏ္ဍပ်ပေါ်တွင် ကြည့်ရှုနေသူ ပရိတ်သတ် (၁၅)ဦးခန့်အောက်သို့ ကျသွားခဲ့ပြီး အမျိုးသမီး(၃)ဦးမှာ ခြေထောက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံးသို့ ပို့အပ်ဆေးကုသပေးခဲ့ကြောင်းနှင့် အဆိုပါ မဏ္ဍပ်အား ယာယီပိတ်သိမ်းထားခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပိတောက်ရွှေဝါဖူးမဏ္ဍပ် ပြိုကျမှုဖြစ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပိတောက်ရွှေဝါဖူးမဏ္ဍပ် ပြိုကျမှုဖြစ် Reviewed by Unknown on 9:06 PM Rating: 5

Post AD