Header AD

သီပေါမြို့  ကုန်းသာကျေးရွာ ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်တိုက် မှုဖြစ်ပွား၊ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

သီပေါ ဧပြီ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာ မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၄၁/၁-၂တွင် ဧပြီ ၁၅ ရက် သင်္ကြန် အကြတ်နေ့က လားရှိုးမှ ထွက်ခွာလာသော ၁၂ ဘီးယာဉ်နှင့် သီပေါမှ လားရှိုး သို့ထွက်ခွာ သွားသော လိုက်ထရပ်ယာဉ်က အရှိန်လွန်ပြီး ၁၂ ဘီးယာဉ်ကို ဝင်ရောက် တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါခရီးသည် တစ်ဦးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကာ ၁၂ ဘီးယာဉ်မှာ ယာဉ်မောင်းနှင့် နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။


 ဖြစ်စဉ်နှင့်ပတ်သက်၍ သီပေါမြို့မ ရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 စိုင်း(သီပေါ)
ဓါတ်ပုံ - Ko Nay Ko Nay
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သီပေါမြို့  ကုန်းသာကျေးရွာ ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်တိုက် မှုဖြစ်ပွား၊ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ သီပေါမြို့  ကုန်းသာကျေးရွာ ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်တိုက် မှုဖြစ်ပွား၊ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ Reviewed by Unknown on 9:03 PM Rating: 5

Post AD