သဝန်ချောင်းကျေးရွာ ဓားပြမှု ၊ လူ ၇ ဦး အား ဖမ်းဆီးထိန်းသိမ်း
သဝန်ချောင်းကျေးရွာတွင်ဖြစ်ပွားခဲ့သော ဓားပြမှုနှင့်ပတ်သက်သည်ဟု ယူဆရသည့် မသင်္ကာဖွယ် လူ ၇ ဦး အား ဖမ်းဆီးထိန်းသိမ်း ဧပြီ ၂၀၊ ၂၀၁၇
၁။ မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာတွင် ဧပြီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော ဓားပြမှုနှင့် ပတ်သက်သည်ဟု ယူဆရသူ မသင်္ကာဖွယ် လူ ၇ ဦး အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။
၂။ အဆိုပါဓားပြမှုနှင့်ပတ်သက်ပြီး ဆက်စပ်သတင်းရရှိ၍ နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ဧပြီလ ၁၉ ရက် ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ အင်းဒင် အနောက်ရွာ (ခ) ထုန်ဆင်းကျေးရွာသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
၃။ ဖမ်းဆီးထိန်းသိမ်းထားသူများမှာ နိုရိုဆလမ် ၂၄ နှစ်၊ ဆီရာဆူ ၁၅ နှစ်၊ ရော်ဖီအူလာ ၁၃ နှစ်၊ ရော်ဘီ ၂၇ နှစ်၊ မာမောက်အီစွပ် ၄၅ နှစ်၊ ခိုက်ရိုဆလင် ၂၀ နှစ်နှင့် နိုရိုလာမိန် ၂၆ နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့အား တရားဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပဏာမ စစ်ဆေးခြင်းများ ဆောင်ရွက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
၎။ မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာအတွင်းသို့ အဒူရာဟိန်ဟု ယူဆရသူ လူ ၄ ဦး ပါဝင်သော ဓားပြအဖွဲ့ဝင်ရောက်၍ သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသတင်းကို ၂၀၁၇ ခုနှစ် ဧပြီလ ၁၈ နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom

Reviewed by Unknown
on
5:21 AM
Rating:
Reviewed by Unknown
on
5:21 AM
Rating:

Post a Comment