သိန်း ၇၀ ပေးပြီး ဇနီးကို သတ်ခိုင်းတယ်ဆိုတဲ့အမှု အများဆုံး ထောင်ဒဏ် ၁၀ နှစ်အပါအဝင် ပြစ်ဒဏ်အသီးသီးချမှတ်
ရန်ကုန်၊ ဧပြီ ၁၉ – ဓားထိုးမှုကို မသင်္ကာလို့ စုံစမ်းရာက ကျပ်သိန်း ၇၀ အ ကုန်ခံပြီး ဇနီးကို သတ်ခိုင်းတယ်ဆို တဲ့အမှုက တရားခံသုံးဦး ကို အများ ဆုံး ထောင်ဒဏ် ၁၀ နှစ်အပါအဝင် ပြစ်ဒဏ်အသီးသီး ကျ ခံစေဖို့ အ နောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချပါတယ်။
အနောက်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး (၈) တရားခွင်မှာ ပြစ်မှုကြီးအမှု အမှတ် ၄၈/၂၀၁၅ တရားလို ဒေါ်နွယ်နွယ်က သိန်းထွန်းအောင် အပါအဝင် သုံးဦးကို အရေးယူပေးဖို့ တရားစွဲဆိုခဲ့တဲ့ အမှုဖြစ်ပါတယ်။ အမှုစစ် ဆေး ပေါ်ပေါက်ချက်အရ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားလို့ (၁) တရားခံသိန်းထွန်းအောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၃၂၆ အရ အလုပ်နဲ့ ထောင်ဒဏ်ရှစ် နှစ် ကျခံစေဖို့ အမိန့်ချပါတယ်။ ပြစ် ဒဏ်နှစ်ခုကို တစ်ပေါင်းတည်း ကျခံစေတာကြောင့် သည်အမှုအတွက် ထောင်ဒဏ် ၁၀ နှစ် ကျခံရ မှာ ဖြစ်ပါတယ်။ ပြစ်မှုကြီးအမှုအ မှတ် ၄၇/ ၂၀၁၅ အရ စွဲဆိုထားတဲ့ လက်နက် ဥပဒေပုဒ်မ ၁၉ (င) အ မှုကိုတော့ ထောင်ဒဏ်တစ်နှစ်ကျ ခံ စေရန် အ မိန့်ချပါတယ်။ (၁) တရားခံသိန်းထွန်းအောင် စုစုပေါင်း ကျ ခံရမယ့် ထောင်ဒဏ်က ၁၁ နှစ် ဖြစ်ပြီး ချုပ်ရက်ကို ပြစ်ဒဏ် အတွင်းက ထုတ် နုတ် ခံစားခွင့်ပြုပါတယ်။
(၂) တရားခံ မျိုးသိန်းကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/ ၁၀၉ အရ အလုပ်နဲ့ထောင်ဒဏ်ရှစ် နဲ့ ပုဒ်မ ၃၂၆/၁၀၉ အရ အလုပ်နဲ့ ထောင်ဒဏ်ခြောက်နှစ်ကို တစ် ပေါင်းတည်း ကျခံစေရန် အမိန့်ချတာကြောင့် စုစုပေါင်း ထောင်ဒဏ် ရှစ်နှစ် ကျခံရမှာ ဖြစ်ပါတယ်။ ချုပ် ရက်ကို ထောင်ဒဏ်ထဲက နုတ်ခွင့်ပြုပါတယ်။ (၃) တရားခံ ကျော်မင်းထွေး (ခ) ဖက်တီးကိုလည်း (၂) တ ရားခံမျိုးသိန်းနည်းတူပုဒ်မအတိုင်း ပြစ်ဒဏ်အတူ ချမှတ်ပါတယ်။
စွဲချက်တင် တရားခံများထဲက ကျော်မင်းထွေး (ခ) ဖက်တီးကို ဇနီး သည်ကို လက်ကျိုးအောင်ရိုက်မှုနဲ့ ပတ်သက်ပြီး ပြစ် မှု ကျူးလွန်ကြောင်း ထင်ရှားလို့ မန္တလေးတိုင်းဒေသကြီးအတွင်းက မဟာအောင် မြေမြို့နယ် တရားရုံးက ထောင်ဒဏ်နှစ်နှစ် ချမှတ်ထားပါတယ်။ (၂) တရားခံမျိုးသိမ်းဟာလည်း အကျဉ်းထောင်အတွင်းရှိစဉ် မူးယစ်ဆေးပြားလက်ဝယ် တွေ့ရှိတာကြောင့် အင်းစိန်မြို့နယ် တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ကျခံစေဖို့ အ မိန့်ချထားပါတယ်။
စွပ်စွဲခံရသူသုံးဦးကို ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၃၀၇ အရ လူသတ် မှု ကျူးလွန်ရန် အားထုတ်မှု၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၆ လက်နက် နဲ့ အပြင်းအထန် နာကျင်စေမှုတို့ ကို ပူးပေါင်းကြံစည်မှု ပြစ်မှုပုဒ်မ ၁၀၉ နဲ့ စွဲဆိုထားတာပါ။ (၁) တရားခံ သိန်းထွန်းအောင်က ဓားကိုင်လို့ ၁၉ (င) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ သည်အမှုဟာ ၂၀၁၅ ခုနှစ် ဇွန်လ ၇ ရက်နေ့က လသာမြို့နယ် ၂၃ လမ်း တိုက်ခန်းလှေကား မှာ အမျိုးသမီးတစ်ဦး ဓားထိုးခံရတဲ့အမှု ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ (၃)တရားခံကျော်မင်းထွေး(ခ) ဖက်တီးက ဇနီးဖြစ်သူမ… နဲ့ အိမ်ထောင်ရေးအဆင်မပြေလို့ တရားရုံးမှာ ကွာရှင်းဖို့ တရား ရင် ဆိုင်နေရချိန် လူမိုက်ငှားဖို့ (၂) တ ရားခံ မျိုးသိန်း (ခ) စိန်လှိုင်ကို အကူ အညီတောင်းခဲ့ကြောင်း သိရတယ်။
Author လူမွန်
သိန်း ၇၀ ပေးပြီး ဇနီးကို သတ်ခိုင်းတယ်ဆိုတဲ့အမှု အများဆုံး ထောင်ဒဏ် ၁၀ နှစ်အပါအဝင် ပြစ်ဒဏ်အသီးသီးချမှတ်
Reviewed by Unknown
on
3:19 AM
Rating:
Reviewed by Unknown
on
3:19 AM
Rating:


Post a Comment