Header AD

ထူးခြားမိုးလေဝသ ဖြစ်စဉ် မိုးဇလထုတ်ပြန်

မိုးကြီး၊လေတိုက်သည့်အတွက် သစ်ပင်တစ်ပင်ကျိုးကျနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)     ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

    အနောက် ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂၀.၄.၂၀၁၇)ရက်နေ့မှ (၂၄.၄.၂၀၁၇)အတွင်း အထက်ပါဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး လေပြင်းတိုတ်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ် နိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် အထက်ဖော်ပြပါမိုးလေဝသဖြစ်စဉ်များကို အထူး ဂရုပြု နေထိုင်သင့်ပါကြောင်း မိုးဇလမှ အကြံပြုချက်ထုတ်ပြန်သည်။

(Xinhua)
http://www.xinhuamyanmar.com
ထူးခြားမိုးလေဝသ ဖြစ်စဉ် မိုးဇလထုတ်ပြန် ထူးခြားမိုးလေဝသ ဖြစ်စဉ် မိုးဇလထုတ်ပြန် Reviewed by Unknown on 5:32 AM Rating: 5

Post AD