ကျိုတ်ထိုမြို့မှ ညီအစ်ကိုခလေးငယ် (၂) ဦး ပုသိမ်မြို့သို့ လမ်းမှားရောက်ရှိ
(၁၉.၄.၂၀၁၇) ရက်နေ့ ညနေ (၅) နာရီကျော်ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အဝေးပြေးကားဂိတ်အနီးတွင် အုပ်ထိန်းသူမပါသည့် ခလေးငယ် (၂) ဦးကို တွေ့ရှိရသဖြင့် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးသူ နှင့်အဖွဲ့မှ စောင့်ရှောက်မေးမြန်းခဲ့ရာ ခလေး ငယ် (၂) ဦးမှာ အောင်ကို ၁၁ နှစ် နှင့် သန့်ဇင်ထွန်း ၈ နှစ် ဟု ဆိုသော ညီအစ်ကို ဖြစ်ကြောင်း သိရသည်။မိဘများမှာ ဦးထွန်းထွန်း ဒေါ်ဇာခြည်ဦးဖြစ်ကြောင်း ဖခင်မှာကြုံရာကျဘမ်းအလုပ်နှင့် မိခင်ဖြစ်သူမှာ ရထားပေါ်တွင် ဈေးရောင်းကြောင်း ၄င်းတို့မှာ ကျိုတ်ထိုဘူတာအနီးတွင် နေထိုင်ကြောင်းနှင့် လွန်ခဲ့သော ၂ ရက်ခန့်က ကျိုတ်ထိုမြို့မှ မီးရထားဖြင့် ရန်ကုန်မြို့နေ အဘွား ဖြစ်သူထံသို့ လာရောက်စဉ် ယခုပုသိမ်မြို့သို့ မှားယွင်းရောက်ရှိလာကြောင်း သိရှိရသဖြင့် ရဲစခန်းမှ ကောင်းမွန် စွာဖြင့် ကျွေးမွေးစောင့်ရှောက်ထားရှိခဲ့ပါသည်။ယခုအခါ ခလေးငယ် (၂) ဦးအား ရဲစခန်းထက်ပိုမိုသင့်တော် သောနေရာဖြစ်သည့် စာရေးဆရာမ ဒေါ်နီလာဝင်း ဖွင့်လှစ်ထားသော " အိမ်မက်ပန်းခင်း" အမည်ရှိ ခလေးသူငယ် စောင့်ရှောက်ရေး ဂေဟာသို့ ပို့ဆောင် စောင့်ရှောက်ထားလျက် ရှိပါသည်။သို့ပါ၍ ယခုပုံပါ ခလေးများအား သိရှိသူများမှ အောက်ပါ ဖုန်းနံပါတ်များအား ဆက်သွယ်နိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
ကျေးဇူးတင်ပါသည်
ဒုရဲမှူး မျိုးသူ ၀၉ ၄၀၂၆၁၉၀၅၆
သတင်း - ဓါတ်ပုံ ။ ။ Zaw Min Tun
by သစ်ထူးလွင်
ကျေးဇူးတင်ပါသည်
ဒုရဲမှူး မျိုးသူ ၀၉ ၄၀၂၆၁၉၀၅၆
သတင်း - ဓါတ်ပုံ ။ ။ Zaw Min Tun
by သစ်ထူးလွင်
ကျိုတ်ထိုမြို့မှ ညီအစ်ကိုခလေးငယ် (၂) ဦး ပုသိမ်မြို့သို့ လမ်းမှားရောက်ရှိ
Reviewed by Unknown
on
6:44 AM
Rating:
Reviewed by Unknown
on
6:44 AM
Rating:





Post a Comment