တရားပွဲပြုလုပ်ရန် ထီးဖြူတက်တင်ရာမှ လူတဦးဓါတ်လိုက်သေဆုံး
မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမဘေး၌ တရားပွဲပြုလုပ်ရန်အတွက် တရားဟောစင်မြင့်ပေါ် ထီးဖြူတက်တင်ရာမှ လူတဦးဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဦးထွန်းစိန် ဓါတ်လိုက်သေဆုံးမှုအား ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရန်အတွက် သေမှုသေခင်းရေးဖွင့်ပေးပါရန် ဒုရဲအုပ်ေ အာင်မိုးကျော်က တရားလိုပြုလုပ်တိုင်ကြားသဖြင့် ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၇) ဖြင့် အမှု ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။
News Watch
ဖြစ်စဉ်မှာ ဧပြီ (၁၈) ရက်၊ မနက် (၆) နာရီအချိန်က ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေး ကားလမ်း မကြီးဘေးတွင် ဦးထွန်းစိန် (၆၇) နှစ်၊ စွယ်တော်ပိုင်း၊ မိုးနိုင်းရပ်ကွက်နေသူသည် တရားပွဲပြုလုပ်ကျင်းပရန်အတွက် တ ရားဟောစင်မြင့်နောက်ရှိ လိုက်ကာပေါ်၌ထီးဖြူတက်တင်ရာက ထီးဖြူ၏အမိုးကိုင်းနှင့် ဓါတ်ကြိုးတိုက်မိပြီး ဓါတ်လိုက်ပြု တ်ကျကာ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ၏ခန္ဓာကိုယ်၌ ပြင်ပဒဏ်ရာတစုံတရာ မတွေ့ရှိရကြောင်း ရဲစခန်းတာဝန်ရှိသူ တ ဦးက ပြောသည်။
ဦးထွန်းစိန် ဓါတ်လိုက်သေဆုံးမှုအား ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရန်အတွက် သေမှုသေခင်းရေးဖွင့်ပေးပါရန် ဒုရဲအုပ်ေ အာင်မိုးကျော်က တရားလိုပြုလုပ်တိုင်ကြားသဖြင့် ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၇) ဖြင့် အမှု ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။
News Watch
တရားပွဲပြုလုပ်ရန် ထီးဖြူတက်တင်ရာမှ လူတဦးဓါတ်လိုက်သေဆုံး
Reviewed by Unknown
on
9:03 AM
Rating:
Reviewed by Unknown
on
9:03 AM
Rating:

Post a Comment