လက်ဆေးကန်အသွား ဘုရားဖူးကားမှောက် (၃) ဦးသေ၊ (၂၅) ဦးခန့် ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်မြို့နယ်အတွင်းရှိ လက်ဆေးကန်သို့ ဘုရားဖူးသွားသည့်ကားတစ်စီးသည် ဧပြီ ၁၈ ရက် ၊နံနက် ၈ နာရီခန့်က မှောက်သွားသဖြင့် (၃)ဦးသေဆုံးပြီး၊ဒဏ်ရာရရှိသူ(၂၅)ဦးခန့်ရှိကြောင်းသိရသည်။
ကားမှောက်ပြီးကားပိကာသေဆုံးနေသည်မှာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးနှစ်ဦး ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းေ ဒသကြီး ၊ ခမ်းပတ်မြို့နယ်၊မလူကျေးရွာမှ ဘုရားဖူးသွားသည့်ကားဖြစ်ကြောင်းသိရသည်။
့“လမ်းအတက်မှာ ကားက နောက်ပြန်လိမ့်ပြီး လမ်းဘေးမြောင်းထဲထိုးကျပြီးမှောက်တယ်လို့ပြောတယ်။ ကားပေါ်မှာက လူအယောက်(၄၀)လောက်ပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ကလေးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ထားပြီးပါပြီ။ ကားပိပြီးသေဆုံးနေတဲ့ အလောင်းတွေကိုတော့ ဆွဲထုတ်နိုင်ဖို့ လုပ်နေကြပါတယ်´´ဟု ကလေးမြို့နယ်၊စခန်းကြီးကျေးရွာ ရဲစခန်းမှူး ရဲအုပ်ထွန်းထွန်းလွင်ကပြောသည်။
ကားမှောက်သည့်နေရာမှာ ကလေးမြို့နယ်၊ ကံအောင် ကျေးရွာအနီး ကလေး-မော်လိုက်ကြီးသွားကားလမ်းပေါ်ရှိ မော်လို က်တောင်အတက်နေရာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊အသက်(၂၇)နှစ်ရွယ် ယာဉ်မောင်း ကိုခင်ဇော်မိုးမောင်းနှ င်ခဲ့ သ ည့် 6J-7149 ၊SKAT ကား အနီရောင်ဖြစ်ကြောင်းသိရသည်။
ကျော်သူစိုး(ကလေးမြို့)
ကလေးမြို့ မီဒီယာ

Reviewed by Unknown
on
8:51 AM
Rating:
Reviewed by Unknown
on
8:51 AM
Rating:

Post a Comment