Header AD

သျှောင်ပေးစူးကလေးငယ်များနဲ့ ဖျော်ဖြေမယ့် ဦးကျော်သူတို့ သံချပ်အဖွဲ့

ဦးကျော်သူ ဦးဆောင်ပြီး ကပြဖျော်ဖြေမယ့် ချိတ်သံချပ်အဖွဲ့မှာ စက်စက်ယို ကျေးရွာက သျှောင်ပေးစူး ကလေးငယ်များ လည်း ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။ ကျာ်သူပရဟိတကွန်ရက်အဖွဲ့ရဲ့ ချိတ်သံချပ်အဖွဲ့ဟာ မန္တလေးမြို့မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
ပရဟိတအဖွဲ့များ အနေနဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ရတာ ဖြစ်တာကြောင့် သံချပ်အဖွဲ့ကိုလည်း "ချိတ်" လို့ နာမည်ပေးဖြစ်ကြောင်းနဲ့ ကလေးငယ်များ ပါဝင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဦးကျော်သူက ယခုလို ပြောပြခဲ့ပါတယ်။ ‘‘ပရဟိတအသင်းအဖွဲ့တွေ နဲ့ ချိတ်ဆက်ပြီး ‘ချိတ်’သံချပ်လုပ် တယ်။ လုပ်တဲ့အချိန်မှာ စက်စက် ယိုရွာက ကလေးတွေ ကလည်း ပါချင်တယ်။ သူတို့ကလည်း ပရ ဟိတစိတ်ရှိတဲ့ မျိုးဆက်သစ်လေး တွေဆိုတော့ တွဲခေါ်ပြီး သံချပ်အဖွဲ့ထဲမှာ ထည့်ထားတာပါ။ သူတို့ ကတော့ ယိမ်းအကအနေနဲ့ပါမှာ ပါ’’လို့ ဆိုပါတယ်။
ချိတ်သံချပ်အဖွဲ့အနေနဲ့ သင်္ကြန်ကာလမှာ ဖိတ်ခေါ်တဲ့ မဏ္ဍပ်များသို့ သွားရောက်ဖျော်ဖြေမှ ဖြစ်ပြီး လက်ရှိတွင် မြို့တော်ဝန် မဏ္ဍပ်က ဖိတ်ခေါ်ထားတာကြောင့် သွားရောက်ဖျော်ဖြေရန် ရှိတယ်လို့ သိရပါတယ်။  ချိတ်သံချပ်မှာတော့ နိုင်ငံရေးအကြောင်းလည်း နည်းနည်းပါဝင်မှာ ဖြစ်သလို ပြည်သူလူထုရဲ့ ခံစားချက်တွေကိုလည်း ပါဝင်ပြီး ပရဟိတ စိတ်ဓာတ်တွေရှင်သန်ဖို့အတွက်ကိုလည်း နိုးဆော်ထားတာလည်း ပါဝင်တယ်လို့ ဦးကျော်သူက ဆိုပါတယ်။
ယခင်နှစ်သင်္ကြန်တုန်းကဆိုရင်လည်း နာရေးကူညီမှုအသင်း ရန်ကုန်က"ပေးဆပ်သူများ" သံချပ်အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင် ဖျော်ဖြေလေ့ရှိပြီး ယခုနှစ် သံချပ်အဖွဲ့ကိုမူ ကျော်သူ ကွန်ရက်အဖွဲ့က ပြုလုပ်တာဖြစ်ပါတယ်။
Source & Photo : 7day Daily
သျှောင်ပေးစူးကလေးငယ်များနဲ့ ဖျော်ဖြေမယ့် ဦးကျော်သူတို့ သံချပ်အဖွဲ့ သျှောင်ပေးစူးကလေးငယ်များနဲ့ ဖျော်ဖြေမယ့် ဦးကျော်သူတို့ သံချပ်အဖွဲ့ Reviewed by Unknown on 4:35 AM Rating: 5

Post AD